Thursday, 24 January 2013
လွမ်းတယ်...မေမေ
အလွမ်းတွေက
ပန်းကြွေကျလို
နွမ်းလျှနေလည်း
လွမ်းရပါတယ်..မေမေ
မနက်လည်းလွမ်း
ညဆိုလည်းလွမ်း
အမေများနေ့ ကိုလွမ်း
အမေများနေ့ မဟုတ်လည်း လွမ်း
သီးတင်းကျွတ်တော့မယ် ဆိုလည်း လွမ်း
ခလုပ်ထိမှ အမိတဆိုသလို ဒုက္ခတွေရောက်တိုင်း လွမ်း
အလွမ်းတွေကြမ်းပေမယ့်
စမ်းရေလေးတွေနဲ့ အတူ မေမေ ရင်ခွင့်လောက်
ဘယ်အရာမှ မအေးချမ်းဘူး မေမေရယ်
မွေးရပ်မြေကို သားအပြန်
အလွမ်းတွေကို အတိုးချ
မေမေ့ ကိုတလှည့် ပြုစုရင်း
အရင်ကထက် ပိုချစ်တော့မယ်
ဟိုး............ဝေးရပ်မြေက လွမ်းမေမေရယ်
ဖိုးခွားလေး (ကော့မှုးမြို့ )
Labels:
ကဗျာများ,
ဖိုးခွားလေး
Subscribe to:
Post Comments (Atom)
Popular Posts
-
လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား....
-
မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့  မျက်ဝန်းအိမ်မှာ အလွမ်းငွေ့ တွေဖုံးလို့  လောကကြီး ခဏရပ်တန့် သွားသလို ရင်ခုန်ခြင်းတွေ စိတ်သုဉ်းပျောက်...
-
အဖြူ ရောင် ကဗျာ ~~~~~~~~~~ ရောင် စုံ ကာလာ မခြယ်ပါဘူး ဘက်လိုက်လိုမှု မရှိခဲ့ဘူး အဖြူ ရောင်လေးအတိုင်းပါပဲ *** ကမ္ဘာ တစ်ဖက်မှာ လ...
-
Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း... A : နေပါတယ်.. Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ... A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ...
-
သူငယ်ချင်းရေ မာယာများတဲ့လောကအလယ်မှာ အတုနဲ့အစစ် ခွဲခြားတတ်ပါစေ အဆိုးတွေကိုတွန်းလှန်ပြီး အကောင်းဆုံးတွေကို ရယူပါ ရည်မှန်းချက် ပန်းတိုင် မပေ...
-
Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Numb...
-
အနှိုင်းမဲ့ မေတ္တာနဲ့ အရာရာကို စွန့်လွတ်ပြီး ... ကျမကိုရွေးချယ်ခဲ့သူ.. အနစ်နာခံသူ ပေးဆပ်သူ.. ဒေါသမရှိဘူး... အမြဲတမ်းအေးချမ်းစွာနေတတ်သ...
No comments:
Post a Comment