ချစ်ရတစ်ရက် လွမ်းရက်တစ်ရာနဲ့ 
နွမ်းရတော့မလား မ ရယ်...
ဒဏ်ရာတွေနဲ့ ပေကျန်နေတဲ့  ကျနော့်ကို
အပေတေလေးဆိုပြီး ပစ်မထားပါနဲ့ 
မောင်လေးရဲ့ အမှောင်ထုကို
နောက်ဆုံးဖောက်ခွင်းအလင်းဆောင်ပေးတာ မမပါ
မမ မရှိရင်အသက်ရှင်ဖို့  ဖြစ်နိုင်တော့မှာမဟုတ်သလို
မောင်လေးရဲ့ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးတစ်မျှင်မြတ်တစ်ပင်က မမပါ
မကို လွမ်းလို့ ရေးဆက်လိုက်တဲ့  ရင်ထဲက ကဗျာတစ်ပုဒ်
ရင်တွေနာပြီ အန်ထွက်လာတဲ့  စကားလုံးတစ်ချို့ နဲ့ 
မျှော်လင့်ထားတဲ့  နေ့လေးတွေလည်း မြန်မြန်ရောက်ဖို့ ဆုတောင်းနေသူပါ
မောင်လေးရဲ့ ရင်ခုန်သံတွေ ကာရံမညီတော့ပေမယ့်
ကဗျာဆန်ဆန်လှတဲ့  မကို လေးလေးနက်နက်ချစ်မိသွားတာပါ
အခုလေ.....
မောင်လေးရဲ့ မျှော်လင့်ခြင်းရောင်ခြည်ဦြး ဖာလင်းနေပြီ
မမက မောင်လေးရဲ့ ဘဝ မောင်လေးရဲ့ အနာဂါတ်
မောင်လေးရဲ့ နှလုံးသားကို နောက်ဆုံးကယ်တင်ရှင်က မမ ပါ
ဖိုးခွားလေး (ကော့မူးမြို့ )
မောင်လေးရဲ့ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးတစ်မျှင်မြတ်တစ်ပင်က မမပါ
မကို လွမ်းလို့ ရေးဆက်လိုက်တဲ့  ရင်ထဲက ကဗျာတစ်ပုဒ်
ရင်တွေနာပြီ အန်ထွက်လာတဲ့  စကားလုံးတစ်ချို့ နဲ့ 
မျှော်လင့်ထားတဲ့  နေ့လေးတွေလည်း မြန်မြန်ရောက်ဖို့ ဆုတောင်းနေသူပါ
မောင်လေးရဲ့ ရင်ခုန်သံတွေ ကာရံမညီတော့ပေမယ့်
ကဗျာဆန်ဆန်လှတဲ့  မကို လေးလေးနက်နက်ချစ်မိသွားတာပါ
အခုလေ.....
မောင်လေးရဲ့ မျှော်လင့်ခြင်းရောင်ခြည်ဦြး
မမက မောင်လေးရဲ့ ဘဝ မောင်လေးရဲ့ အနာဂါတ်
မောင်လေးရဲ့ နှလုံးသားကို နောက်ဆုံးကယ်တင်ရှင်က မမ ပါ
No comments:
Post a Comment