အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...

Wednesday 13 February 2013

ဆုတောင်းမိပါသည်


သံယောဇဉ်တဲ့လား
ကဝေတစ်ကောင်လို လှည့်စားတယ်...........။

ညညတွေမှာဆို
ဒိုင်ယာရီ စာအုပ်အိုနဲ့
ဘောပင်ကလေးတစ်ချောင်း
တီးခတ်နေဆဲ ဂစ်တာဟောင်းတစ်လုံး
ငါ့ကိုကြည့်ပြီး လှောင်ပြုံနေလေရဲ့...............။

နေ့ဘက်တွေ မှာဆို
သံသယ မျက်လုံးတွေအနား
လူသားတွေရဲ့ ကြားထဲ
ငါ နေတတ်အောင်လဲ နေပေးရဲတယ်............။
ရင်ထဲက ခံစားသမျှဟာ
ကဗျာဆိုရင်
နင်ဟာ ကဗျာ တစ်ပုဒ်အဖြစ်
ငါ့နှလုံးသားမှာ ကျန်ရစ်ပါစေ
ဘယ်သောအခါမှ မမေ့စေဘူး..............။
အခုတော့.........
ငါချစ်ခဲ့တဲ့ ကဗျာ
ငါလိုချင်တဲ့ ဖြူစင်မှု
ငါကိုယ်တိုင် ဥပက္ခာ ပြုလိုက်ရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှ
လွတ်ကင်းပါရစေ..............။                                                                              
ညီညီ(မြန်အောင်)

No comments:

Post a Comment

Popular Posts