အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label တေးတေး. Show all posts
Showing posts with label တေးတေး. Show all posts

Sunday, 3 March 2013

သူငယ်ချင်း


သူငယ်ချင်းရေ
မာယာများတဲ့လောကအလယ်မှာ
အတုနဲ့အစစ်
ခွဲခြားတတ်ပါစေ
အဆိုးတွေကိုတွန်းလှန်ပြီး
အကောင်းဆုံးတွေကို ရယူပါ
ရည်မှန်းချက် ပန်းတိုင်
မပျောက်စေနဲ့နော်
အားလုံးနဲ့
အမြတ်ရမှု့မျိုးမဖြစ်စေဘဲ
အမှတ်ရမှု့မျိုးဖြစ်စေပါ
ဘဝခရီးလမ်းဟာ
အစဉ်မဖြောင့်ဖြူးနိုင်ဘူးဆိုတာ
မမေ့ပါနဲ့
ဘာတွေဘဲလုပ်လုပ်
အမြဲသတိရှိပါ
လဲကျနေစဉ်
အားမငယ်ပါနဲ့
အောင်မြင်တဲ့အခါ
နောက်ကြောင်းကို သတိရပါ
အရာရာကို 
အကောင်းဘက်ကမြင်ပြီး
စိတ်ပျော်ရွင်မှု့ ရယူပါ
နားလည်နိုင်တဲ့သူ
ပေးဆပ်နိင်တဲ့သူ
ခွင့်လွတ်နိင်တဲ့သူ
သေးငယ်ဖြူဖွေးတဲ့
ဆား ပွင့်ငယ်ဘဝလေး
ဖြစ်ပါစေ...............။


 တေးတေး    2-3-2013

Thursday, 14 February 2013

ကိုယ်ပိုင်ချစ်ခွင့်


ချစ်သူ...
ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်...
ခုတော့..
တဖြည်းဖြည်းနဲ့ ထူထဲလာပြီး...
နာကျင်နေရမဲ့အစား...
နင့်ကို ပိုလွမ်းနေမိတယ်...
မေ့ပစ်ဖို့ စဉ်းစားမိတိုင်း ...
နင့်ကိုပိုပြီး အမှတ်ရနေမိတယ်...
မုန်းပစ်ဖို့ ကြိုးစားလိုက်တိုင်း.......
နင့်ကို တိုးပြီး ချစ်လာမိတယ်..
ချစ်ခဲ့တာဟာ...
မုန်းမေ့ဖို့မဟုတ်ဘူး....
နာကျင်ခံစား နေရဖို့လဲ မဟုတ်ဘူးနော်..
နားလည်မှု့ ပေးဆပ်မှု့တွေနဲ့....
နင့်ကိုချစ်ခဲ့တာပါ  ချစ်သူ...
ပိုင်ဆိုင်ခွင့် လဲ ငါမလိုချင်ဘူး...
အနိုင် အရှုံး....
တိုင်းတာမှု့  ခိုင်းနိုင်းမှု့တွေနဲ့..
ငါ့ရဲ့အချစ်ကို တန်ဖိုး မဖြတ်ပါနဲ့..
တုန့်ပြန်မှု့ မရှိဘူးဆိုတာ...
ငါ အစကတည်းက သိနားလည်ထားပါတယ်...
နင့်ကိုချစ်ခဲ့မိလို့လဲ ...
ငါနောင်တရနေမှာ မဟုတ်ဘူး...
ငါ့ရဲ့မိုက်မဲမှု့တွေဘဲလို့..
နင်ထင်မှတ်နိုင်ပါတယ်...
စစ်မှန်တဲ့ ငါ့ရဲ့အချစ်...
ငါ့ရဲ့ ကိုယ်ပိုင်ချစ်နေခွင့်နဲ့...
နင့်ကို အသက်ထက်ဆုံး ...
ငါချစ်သွားမှာ  ချစ်သူ.....
                             
တေးတေး  12.2.2013

Tuesday, 12 February 2013

တံတိုင်း





အချစ်ဦး လို့သိရချိန်ဝယ်...
အရမ်းပျော်ရွင်မိတယ်..
နင့်ကိုသိပ်ချစ်မိလို့လေ..
အချစ်ကိုစတင်တွေ့ရှိချိန်မှာ...
အချစ်ဦးဆိုတဲ့ နင်နဲ့တွေ့ဆုံခဲ့ရခြင်းဟာ..
ငါ့အတွက်ဆုလဒ်တစ်ခုပေါ့...
ထာဝရ အချစ်ဆုံး....အချစ်ဦး...
ငါတို့ရဲ့ တွေ့ဆုံခြင်းဟာ...
ချောမွေ့ခြင်းကင်းမဲ့တယ်နော်..
နင့်ရဲ့ညိုညင်မှု့အားလုံးကို..
ငါ ပြုံးပြုံးလေးနဲ့  ရင်ဆိုင်ခဲ့တယ်..
နင့်ကိုအရမ်းချစ်လို့နော်....
ဝေးကွာမှု့ခဏလေးမှ မရှိစေချင်ဘူး...
တစ်စက္ကန့်လေးမှ မမေ့ချင်ဘူး..
မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီး...
ငါတိုးတိုးလေး  အကြီမ်ကြီမ်ဆုတောင်းနေမိတယ်....
တစ်နေ့နေ့  တစ်ချိန်ချိန်မှာ....
နင့်မျက်နှာလေးကို  ကြည့်ပြီး....
ငါ နင့်ကိုအရမ်းချစ်တယ်လို့   ..
ပြောခွင့်ရချင်တယ်....
ဒါပေမဲ့...
ဘယ်သောအခါမှ....
ပြောခွင့်...ဆုံစည်းနိုင်ခွင့်  ရှိမှာမဟုတ်ဘူး....
နင်နဲ့....ငါ့ကို...
တံတိုင်းကြီးနဲ့ ခြားထားတယ်...
ဘ၀ရဲ့ သင်ခန်းစာ...မေ့ထားလို့မရတဲ့အရာတွေ...
နင့်ရဲ့ဘ၀ထဲကို ငါမလာနိင်ဘူး..
ငါ့ဘ၀ထဲကိုလဲ  မခေါ်ရက်ဘူး....
ကျေကွဲစွာနဲ့......ရင်ထဲမှာ...
ထာဝရ သိမ်းထားတော့မယ်....
နင် ဟာ ငါ့ရဲ့ အချစ်ဦး  ဆိုတာ....
တွေ့ဆုံခြင်းနဲ့ ဝေးကွာခြင်းဟာ...
ငါ့အတွက် တစ်ထပ်ထဲပါပဲ...
ဘယ်အရာတွေကို အပြစ်တင်ရမှာလဲ...
ကံကြမ္မာလား....
အရင်ဘ၀ကဆုတောင်းတွေလား....
ဆုံစည်းခွင့် မရှိပေမဲ့....
အမှတ်ရခွင့်   နှုတ်ဆက်ခွင့်..ရှိပါတယ်လေ...
ပျော်ရွင်ဖွယ် ဘ၀များ ပိုင်ဆိုင်နိုင်ပါစေ....အချစ်ဦး...
  တေးတေး    8.1.2013

အလင်းပေးသူ


အနှိုင်းမဲ့ မေတ္တာနဲ့ အရာရာကို စွန့်လွတ်ပြီး ...
ကျမကိုရွေးချယ်ခဲ့သူ..
အနစ်နာခံသူ  ပေးဆပ်သူ..
ဒေါသမရှိဘူး...
အမြဲတမ်းအေးချမ်းစွာနေတတ်သူ..
သနားကြင်နာတတ်သူ...
ဘာသာတရားကိုင်းရှိုင်းသူ...
ဘ၀ရဲ့ လောကဓံကို ကြံ့ကြံ့ခံကာ..
အရှံးမပေး ပြုံးပြုံးနဲ့ လျှောက်လှမ်း အနိုင်ယူခဲ့သူ..
အဆိုးတွေကို အကောင်းနဲ့ တုံ့ ပြန်စေခဲ့သူ...
ကျမဘ၀ရဲ့အလင်းပေးသူဟာ  အမေ ဘဲနော်...
အမေ ..သွန်သင် ဆုံးမ လေ့ကျင့်ပေးထားတဲ့ အရာတွေနဲ့..
ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေပါပြီ.
အစကတော့ ခက်ခဲတာပေါ့...
တဖြည်းဖြည်းနဲ့ နေတတ်လာပြီ.
ဝမ်းနဲ အားငယ်ခြင်းလဲ မရှိတော့ပါဘူး..
အကောင်းမြင်တတ်အောင်...
သက်တမ်းရှိသလောက် နေရတဲ့အခိုက်မယ်..
အကောင်းဆုံးနေထိုင်မှုဖြစ်အောင်

ကျမကြိုးစားမယ်...
အမေ့ အတွက် ကျေနပ်မှု့ အတိမဖြစ်ခဲ့ပေမဲ့...
စိတ်ပျက်ခြင်းမဖြစ်စေရပါဘူးနော်...
အရာရာအားလုံး အတွက်...
ကျေးဇူးတင်ပါတယ်..
အမေ ဟာ ကျမရဲ့ အလင်းရောင်..
ကျမ ရဲ့ ဘုရင်မ...
ကျမရဲ့ ကမ္ဘာကြီး ပါ....
ကျမ ဥာဏ်မှီ သလောက်.ဒီစာစုလေးနဲ့...
ဂါရ၀ပြု ပါတယ်   အမေ....
                                                    
 တေးတေး      8.1.2013

Thursday, 24 January 2013

ရင်ထဲက ထာဝရချစ်သူ

ရင်ထဲက ထာဝရချစ်သူ...
အတ္တကင်းမဲ့စွာနဲ့ ချစ်တယ်...
အေးချမ်းမှု့....
နားလည်မှု့.....
အမှတ်ရမှု့   တွေနဲ့ပေါ့  ...
နာကျင်စရာလဲ မရှိဘူးနော်...
ရင်ထဲက ထာဝရချစ်သူ...
ငါ့ ရဲ့  တစ်ဖတ်သတ် အချစ်ကို...
ငါကျေနပ်စွာနဲ့ ...
ရှေ့  တိုးဖို့ လဲမလို...
နှောင့်  ဆုတ်ဖို့ လဲမလို...
ကြေကွဲစရာလဲ မရှိဘူးနော်...
တစ်ဖက်သတ် အချစ်...
တစ်ဖက်သတ် အကြင်နာ...
ငါနားလည်ထားတဲ့ အချစ်နဲ့ ...
ငါ နောင်တရစရာ မရှိဘူးနော်...
ရင်ထဲက ထာဝရ ချစ်သူ...
ငါ..အသက်သေဆုံးသွားသည့် တိုင်...
နင့် တစ်ယောက်ကိုသာ...
ငါ့ ရင်ထဲက ထာဝရချစ်သူ ဟု...
ဒါပေမဲ့  ...
                                                     နင်ဘယ်မှာလဲ......            
 တေးတေး
                                                      9-1-2012      

အချစ်ဆုံး


နင်နဲ့  ငါ
ချည်နှောင်ထားတဲ့..သစ္စာကို...
နင်ဘာလို့ ဖြည်လိုက်တာလဲ...
နင်ပြောတော့....
ငါ့  ကို အချစ်ဆုံး...
အမြတ်နိုးဆုံး
အသက်ထက်ဆုံး....ဆို
ခုတော့..
ဘယ်လိုလဲ   အချစ်ဆုံး.....
နားလည်မှု့  တွေနဲ့   တည်ဆောက်ထားတဲ့  
ငါတို့ရဲ့   အချစ်တွေ  ဘယ်ရောက်ကုန်ပြီလဲ  ...
ငါ နားလည်ပေးခဲ့ သလို...
နင်ဘာလို့   နားလည်မပေးတာလဲ
နင့် ကို  ငါထက်
ဘယ်သူတွေ နားလည်ပေး မှာလဲ
ရင်ခွင်ခြားမှာ
နင်တကယ်ဘဲပျော်နေပြီလား
ခက်ခက်ခဲခဲနဲ့   ကျေုာ်ဖြတ်ခဲ့ရ တဲ့  ညတွေ
ဝမ်းနဲကြေကွဲ စွာနဲ့  ကျခဲ့ ရတဲ့  ..
ငါ့  မျက်ရည်တွေ  
နင်မသိခဲ့  ဘူးနော်
နင့်ရဲ့  ရှေ့  မှာ
ငါအမြဲတမ်း ပြုံးပြုံးလေးပါဘဲ
နင်နားလည်လာမဲ့ တစ်နေ့    
နင်ပြန်လာမဲ့ တစ်နေ့   
အမြဲ  .....
ငါကြိုလင့်  နေမှာပါ...
နင့်  ဆီကတစ်ခုလေးဘဲ  ..
ငါတောင်းဆိုချင်ပါတယ်...
please......
နင့်ရဲ့    ရင်ခွင်ထဲမှာ...
ငါ့   အတွက် နေရာ သေးသေးလေးတစ်ခု
ချန်ထားပေးပါ.............................................။     

                                                                    
တေးတေး    11.1.2013

Popular Posts