အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label ဆော့ဝဲလ်များ. Show all posts
Showing posts with label ဆော့ဝဲလ်များ. Show all posts

Thursday, 16 January 2014

Google Earth Pro 7.1.2.2041 With Patch (ကွန်ပြုတာကနေ ကမ္ဘာ တခုလုံး မြေပုံကို အနီးကပ် ဆွဲ ကြည့်နိုင် တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်)



Google Earth ကတော့ တကယ်ကို လန်းပါတယ်ဗျာ။ မသုံးဖူးတဲ့သူသုံးကြည့် လိုက်ပါ။ အရမ်းကို ခိုက် သွားမှာ အသေခြာပဲ။ Google Earth ကနေ ကိုကြည့်ချင်တဲ့ နေရာကို လိပ်စာရိုက်ပြီးရှာလိုက်တာနဲ့ တန်းရောက်သွားတယ်။ တကယ်ကို 3D ရုပ်ပြနဲ့ ဖြစ်ပါတယ်။ အောက်မှာ Screenshoot နဲ့ပြထားပါတယ်။ အသေခြာလေး ကြည့်ကြည့်လိုက်ပါ။
နောက်တခုက Satellite ကနေ တိုက်ရိုက်ဆွဲ ကြည့်လို့ရတဲ့နေရာတွေ ရှိပါသေးတယ်။ အိမ်ရှေ့ တံခါးပေါက်ထိ ကြည်လင်စွာ ဆွဲကြည့်နိုင်ပါတယ်။ Zoom ဆွဲတဲ့ အကွက်ပေါ်က လူ ပုံနဲ့ ရှိပါတယ်။ အဲကောင်ကို ကို လိုချင်တဲ့ နေရာမှာ ချပေးလိုက်တာနဲ့ အိမ်ဆိုရင် အိမ်ရှေ့ ထိ။ လမ်းမှာဆိုရင်လည်း လမ်းမကြီး ကို ပြတ်သားရှင်းလင်းစွာ မြင်ရပါတယ်။

ကွန်ပြူတာ သုံးသူတိုင်း တကယ်ဆောင်ထားသင့်တယ်နော်။ Full  Version သုံးရအောင် Patch ဖိုင်ပါ တွဲတင်ပေး ထားပါတယ်။ Setup.exe ကို Install ပြီးတာနဲ့ ဆော့ဝဲလ်ကို မဖွင့်ပဲ Patch ဖိုင်ကို ၂ ချက်ကလစ်လိုက်ပြီးရင် အလယ်က စာကို အလစ်လိုက်၊ ဘယ်ဘက်အောက်မှာ OK ပေါ်လာရင် Actrivated ဖြစ်ပါပြီ။
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီနော်။

Download Google Earth Pro 7.1.2.2041 
Google Drive, Zippyshare

App Screenshots


အားလုံးအဆင်ပြေပါစေ.......။

Tuesday, 17 September 2013

TeamViewer 8.0.20768 Pro (Fully Activated)



TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ ကွန်ပြူတာမှာ မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ဆောဝဲ ဆိုလည်း မမှားပါဘူး။ မသိသေးသူအတွက် ရှင်းပြပါမယ်။TeamViewer က ဥပမာ ကို့ ရဲ့ စက် တခုခု ဖြစ်လို့ ကိုက ပြန်မပြင်တတ်  အဲလိုဆိုရင် အဝေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီတောင်း ၀င် ပြင် ခိုင်းလို့ရတဲ့ ဆောဝဲလေးပါ။ အင်တာနက်လိုင်းရှိရုံနှင့် မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ကြည့်လို့ရပါတယ်။

ဘယ်လောက်ပဲ ဝေးနေပါစေ ၀င်ကြည့်လို့ရပါတယ်။ ဆောဝဲကို install ပြီးတာ နဲ့ ကိုယ်ရဲ့ You ID နှင့် Password ပြနေလိမ့်မည်။ မိမိပေးဝင်ချင်သည့် သူငယ်ချင်းကို ကိုယ်ရဲ့ID နှင့် Password ပေးလိုက်ရင် ကို့ကွန်ပြူတာ ကို သူငယ်ချင်းက ၀င်ပြင်ပေးနိုင်မှာဖြစ်ပါတယ်။  ဆောဝဲ ကို Activated လုပ်ပြီးသား မို့ install ပြီးတာနဲ့ full သုံးလို့ရပါပြီ။ ကီးထည့်စရာမလိုပါ......။

နောက်ဆုံးထွက် Version V 8.0.20768 ကိုတင်ပေးလိုက်ပါတယ်။ Key မထည့်တတ် Crack မလုပ်တတ် တဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ TeamViewer ကိုမသုံးတတ်တဲ့ သူငယ်ချင်း များ ကတော့ ဒီလင့်မှာ စာအုပ်ဒေါင်းပြီး လေ့လာနိုင်ပါပြီ။
စိတ်ဝင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။

Thursday, 25 July 2013

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5 For Android

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )


" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ 
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 

အားလုံးပဲ အဆင်ပြေကြပါစေ.... ။

Credit to : Djjoe Man (MMF)

Wednesday, 17 April 2013

Viber ကို PC ကနေ ခေါ်မယ်



အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။

... ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။

Code:
Bluestacks Download

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်

Code:
How To Run Viber For PC

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။

အေးချမ်းမွန်မှ Zaw Win တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Tuesday, 2 April 2013

FormatFactory




MP3/MP4 ပြောင်းချင်တဲ့ ညီအစ်ကိုမောင်နှမများ အတွက်အဆင်ပြေစေမဲ့
ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..အထူးသဖြင့် Flashsong သီချင်းလေးတွေ
လုပ်ချင်တဲ့ ညီအစ်ကိုမောင်နှမများအတွက်လည်း MP3 ပြောင်းလို့ရပါတယ်
ညီအစ်ကိုမောင်နှမများအားလုံးအဆင်ပြေပါစေ...
ဒေါင်းလော့ယူရန်

Thursday, 28 March 2013

မည်သည့်အင်တာနက်စာမျက်နှာမှ ဗွီဒီယိုကိုမဆို Download လုပ်ပေးမည့် software - Web Video Downloader



Website က Video တွေကို download ဆွဲပေးမယ့် app ဖြစ်ပါတယ်။
ဒါလေးကို ကျွန်တော် ရှာနေတာ အတော်ကြာပါပြီ။ video downloader တော်တော်များများက youtube က video တွေလောက်ပဲ ဆွဲနိုင်ပါတယ်။ သိပ်အဆင်မပြေကြဘူး။ အခု ကျွန်တော် တင်ပေးလိုက်တဲ့ Web Video Downloader ကတော့ Youtube အပါဝင် website တော်တော်များများက video တွေကို download ဆွဲပေးမှာ ဖြစ်ပါတယ်။ အတော် လန်းတယ်။
အသုံးပြုပုံလေး ရှင်းပြပေးမယ်။

- Web Video Downloader က Browser တစ်ခုပါ။
website လိပ်စာရိုက် .. ကြည့်ချင်တဲ့ video ကို ဖွင့်လိုက်ပါ။

- ညာဘက်အပေါ်ထောင့်က အပျောက်သုံးပျောက်(Menu) ကိုနှိပ်ပါ။
analyze this page ကို နှိပ်လိုက်ပါ။ ဒါဆိုရင် web ပေါ်က video ကို
စတင်ပြီး ရှာဖွေရေး လုပ်ပါလိမ့်မယ်။

- အပျောက်သုံးပျောက် (Menu) ကို ပြန်နှိပ်ပါ။ Download list ကို နှိပ်ပါ။
analyze လုပ်နေတာ မြင်ရပါလိမ့်မယ်။ analyze လုပ်ပြီးသွားရင်တော့
video ကို သူ့အလိုလို download ဆွဲသွားမှာဖြစ်ပါတယ်။

- download ဆွဲပြီးသား video တွေကို sd card အောက်က
download ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။

ကဲ .. အဆင်ပြေတယ်မလား။ website အများကြီးမှာ အသုံးပြုလို့ရတယ်နော်။ တကယ် လန်းတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ ယူလိုက်ကြတော့ မြန်မြန် :)

download -

dropbox -
https://www.dropbox.com/s/tm4g7usahs5e618/Mr.AD%20-webvideodo.apk?m

mediafire -
http://www.mediafire.com/error.php?errno=320
မူရင်း - http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6360113&xgs=1&xg_source=msg_share_post

Popular Posts