အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label Facebook ဆိုင်ရာ. Show all posts
Showing posts with label Facebook ဆိုင်ရာ. Show all posts

Wednesday, 4 February 2015

သင့် facebook account ထဲက ဓာတ်ပုံတွေ ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား


Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...

ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...

အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...

သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...

Ref: Computer Hub

Wednesday, 17 December 2014

Facebook - Privacy Setting


Facebook - Privacy Setting
=======================
facebook အသုံးပြု များအားလုံး..မိမိအကောင့်ကို Securityပိုင်းကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်..သိတဲ့သူတွေကတော့ မသိသေးတဲ့သူတွေကို မျှဝေပေးလို့ရတာပေါ့..။အသေးစိတ်သိချင်သူများလည်းလေ့လာလို့ရအောင်ပါ..။
facebook သုံးတဲ့လူအရေအတွက်ဟာ သိသိသာသာကို များပြားလာတာနဲ့အမျှ privacy ချိုးဖောက် မှုတွေဟာလည်း သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ biggrin ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ဓါတ်ပုံတွေတင်လိုက်တာပါပဲ။
ဒါပေမယ့် မသမာသူတွေကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေဟာ မရောက်သင့်တဲ့နေရာတွေ ရောက်ကုန်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ privacy ကို ဘယ်လိုကာကွယ်မလဲ။ အောက်ကအချက်တွေကို မဖတ်ခင် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ဘာလဲဆိုရင် ကိုယ်နဲ့ ပြင်ပလောကမှာ တကယ်သိတဲ့ လူတွေကိုပဲ သူငယ်ချင်းအဖြစ်လက်ခံဖို့ပါ။
Privacy Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က စက်သီးပုံလေးကိုနှိပ်ပြီး settings >>> Privacy ကနေသွားနိုင်ပါတယ်။
1. Who can see your future posts? ဒါကတော့ ကိုယ်နောက်ပိုင်းမှာ တင်မယ့်ပို့စ်တွေကို ဘယ်သူတွေမြင်မလဲဆိုတာ ထိန်းတာ ပါ။ပြင်မယ်ဆိုရင်တော့ Edit ကို နှိပ်ပြီးပြင်နိုင်ပါတယ်။
Public, Friends, Only me, Custom ဆိုပြီး ရွေးချယ်စရာ လေးခုတွေ့မှာပါ။
Custom မှာမှ တစ်ယောက်ချင်းစီကို လိုက်ပိတ်ချင်ရင်လည်း ရပါသေးတယ်။ ကလိကြည့်ကြပေါ့။
2. Review all your posts and things you're tagged in
ဒါကတော့ အထွေအထူးမဟုတ်ပါဘူး။ ကိုယ်တင်ခဲ့သမျှ ပို့စ်တွေ၊ ကိုယ့်ကို tag ထားတဲ့ပို့စ်တွေကို ပြန်ကြည့်ချင်ရင် Use Activity Log ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
3. Limit the audience for posts you've shared with friends of friends or Public?
ဒါကတော့ အရင်တုန်းက Public or Friends of Friends နဲ့တင်ထားတဲ့ပို့စ်တွေ ဓါတ်ပုံတွေအကုန်လုံးကို click တစ်ချက်တည်းနဲ့ Friends only ကို ပြောင်းပေးတာပါ။ အရင်တုန်းက Public နဲ့တင်ထားတာတွေကို မသိတဲ့လူတွေကို မမြင်စေချင်တော့ဘူးဆိုရင် Limit Past Posts >>> Limit Old Posts >>> Confirm ဆိုရင် တင်ခဲ့သမျှ အကုန်လုံး Friends မဟုတ်တဲ့လူတွေ ဝင်ကြည့်လို့ရမှာ မဟုတ်တော့ပါဘူး။
သတိထားရမှာ တစ်ခုကတော့ အရင်အတိုင်း Public ပြန်ပြောင်းချင်ရင်တော့ ပို့စ်တစ်ခုချင်းစီမှာ ပြန်ပြောင်းမှပဲ ရပါမယ်။
4. Who can send you friend requests?
ကိုယ့်ကို ဘယ်သူတွေ friend request ပို့ခွင့်ပေးမလဲဆိုတာ ဆုံးဖြတ်တာပါ။
တစ်ချို့လူတွေဝင်ကြည့်လိုက်ရင် add friend မပါတာ ကြုံဖူးမယ်ထင်ပါတယ်။ ဒီနေရာကနေ ထိန်းထားတာပါ။ Edit ကိုနှိပ်လိုက်ရင် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။
Everyone ဆိုရင်တော့ ဘယ်သူမဆို ကိုယ့်ဆီကို friend requests ပို့လို့ရမှာပါ။
Friends of Friends ဆိုရင်တော့ ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကပဲ ကိုယ့်ဆီကို friend request ပို့လို့ရပါမယ်။ လုံးဝမသိတဲ့လူက ကိုယ့် wall ကို ဝင်ကြည့်ရင် add friend ဆိုတဲ့ button ကို တွေ့မှာ မဟုတ်ပါဘူး။
5. Whose messages do I want filtered into my Inbox?
ကိုယ့်ဆီဝင်လာတဲ့ messages တွေကို စစ်ထုတ်တာပါ။သူ့မှာလည်း ရွေးဖို့ နှစ်ခုရှိပါမယ်။Basic Filtering ဆိုရင်တော့ ဝင်လာသမျှ messages တွေ အားလုံး inbox ထဲကို ရောက်ပါမယ်။ Strict Filtering ဆိုရင်တော့ ကိုယ့် friends တွေက ပို့တဲ့ message တွေပဲ inbox ထဲရောက်ပါမယ်။ ကိုယ်နဲ့မသိတဲ့လူက ပို့တာဆိုရင် Other ဆိုတဲ့အထဲကို ရောက်ပြီးတော့ Notification တက်မှာ မဟုတ်ပါဘူး။
6. Who can look you up using the email address you provided?
ဘယ်သူတွေက ကိုယ့်ရဲ့ email address နဲ့ ကိုယ့်ကို ရှာလို့ရမလဲဆိုတာ ကန့်သတ်ထားတာပါ။
7.Who can look you up using the phone number you provided?
ဒါကတော့ ကိုယ့်ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ရှာတာပါ။
8.Do you want other search engines to link to your timeline?
ဒါကတော့ google, yahoo, bing အစရှိတဲ့ search engine တွေကနေ ကိုယ့်ကို ရှာရင် တွေ့မလား၊ မတွေ့ဖူးလား ထိန်းထားတာပါ။
Credit: ဖေ့စ်ဘုတ်ဆိုင်ရာ နည်းပညာများ
Ref>>> Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း <<<

Facebook Short Key


Facebook Short Key
=====================
အရင်ဆုံး ကိုယ်ရဲ့ browser က ဘယ်ဟာလည်းဆိုတာ အရင်ရွေးပြီး တွဲနှိပ်ရမဲ့ရှေ့ကီးလေးတွေကို မှတ်ထားရပါမယ်။ Key stroke ဆိုတဲ့နေရာမှာ နောက်ထပ်အောက်တစ်ဆင့်မှာ ဖော်ပြထားတဲ့ key လေးတွေကို ထည့်ပြီး ရိုက်ပါနော့။
Internet Explorer for PC : Alt + [key stroke], then
Enter Firefox for PC: Shift + Alt + [key stroke]
Firefox for Mac: CMD + [key stroke]
Safari for Mac: CMD + [key stroke]
Chrome: Ctrl + Alt + [key stroke]
ပြီးရင်တော့ ဒါလေးတွေရော မှတ်ထားပေါ့ ။
/ = Search
0 = Help
1 = Home
2 = Timeline
3 = Friends
4 = Inbox
5 = Notifications
6 = Account Settings
7 = Privacy
8 = About
9 = Terms
c = comment when on a story in your News Feed
j and k = scroll between News Feed stories
l = like or unlike a selected story
m = new message အသုံးဝင်မှာပါ။
ကဲ ! ဖေ့ဘုတ်မှာ နင်ဂျာလေးလို့ ကိုယ်ဖော့ပြီး မြန်ဆန်စွာ သွားနိင်ကြပါပြီနော်
Ref: forbes

Sunday, 14 July 2013

FACEBOOK သုံးသူတွေသိသင့်တဲ့အချက်(၈)ချက်

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။
(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။
(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။
(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။
(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။
(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။
(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေး လိုက်ပေါ့။
(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။
IT Technology

Tuesday, 18 June 2013

Android ဖုန်းတွေမှာ Facebook ကခဏခဏ Log Out ဖြစ်သွားတာကိုဖြေရှင်းကြမယ်





ပို့စ်ရေးသားသူ- Shwemanthar Nld , Thit Kat Pan (Myanmar Mobile Users Group
FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ– အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော်
ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ– နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ–
ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ– FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်–တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်–
{အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}
အဲ့ မှ ကွိုင်တာက မိမိရဲ့ Connection က ကျနေ တာပါ–
ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ် တတ်ပါတယ်။ လူပိန်းလိုပြောရင်တော့ Data တစ်နေတာပေါ့နော်–
မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်–
ကျွန်တော် ကိုယ်တိုင် Fiber လိုင်းသုံးနေတာ တောင် နေ့တစ်ပိုင်းကို တစ်ခါလောက် ရပ်ရပ်သွားတဲ့ အဖြစ်မျိုးပါ– သုံးရင်တန်းလန်းနဲ့ လိုင်းပြုတ်ပြီး Caution Mark ပေါ်လာတာက အတော်ကို စိတ်ညစ်ရပါတယ်
အားလုံးပဲ ဖြစ်ဖူးကြမယ်ထင်ပါတယ်–
မိမိ Mobile Phone နဲ့ Laptop က အင်တာနက်ကို သုံးတဲ့ အခါမှာ ဟင် အင်တာနက်လဲ မရဘူးဆိုပြီးတော့ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး တော့လေ
ကျွန်တော့်ကိုလာ လာမေးလို့ ဖြေရတာလဲ အမောပါပဲ တစ်ယောက်မကပါဘူး အယောက် ၂၀ ၃၀လောက်ရှိပါတယ်–
အဲ့ဒါက ဘာမှ မဟုတ်ဘူး Data ဆွဲအားနည်းလို့ လို့ တကယ်က စက်က error မဟုတ်ပါဘူး
Mobile Data ကို ဆွဲတဲ့ အားက 7kb/s တို့ 0.8kb/sတို့ လောက်ပဲ ရှိတာ ကွန်ပျူတာနဲ့ တွဲသုံးတာ Webpage ဘယ်ဖွင့်ရပါ့မလဲ ဗျာ– အဲ့လိုပေါ့
အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်– သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ—
Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်– Log in page ကိုရောက်မနေပါ– မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်–
{ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ– ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :) }
” ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်– ”
FB Application ရဲ့ Error မဟုတ်ပါဘူး… ကိုေ၇ွှလိပ် MPT ကြောင့်ပါလို့ ပြောကြားချင်ပါတယ်–
FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တော့တာပေါ့ဗျာ–
ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်–
ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်–
Samsung ဖုန်းတွေမှာ တော့ ပါပါတယ်– ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-
အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ– အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်– ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်–
ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ—
အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်– Dropbox, Facebook, Google အားလုံးပါပဲ–
ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ–
Google Account လဲ ဖြစ်ပါတယ်– အားလုံး ဖြစ်မှာပါပဲ–
ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်–
မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ– Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။
Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်– သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
Hacker တွေအားလုံးက FB, Twitter နဲ့ Google ကိုပဲ အာရုံထားကြပါတယ် :)
ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ–
အဲ့ကတည်းက တစ်ခါထည်း Account Info Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ
အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)
Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး–
မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ–
အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }– မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်
အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ
အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB
, Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ–
အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့
ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့
Iphone တို့ မှာလဲ Log Out ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်–
တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ— Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ–
ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့ Research လေးများ လုပ်သွားဖို့ရှိပါတယ်–
ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။

Thursday, 4 April 2013

Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျကျနေတယ်ဆိုရင်




အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့ Facebook အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

ယူကျု ကနေကြည့်လိုပါက သည်မှာhttp://www.youtube.com/watch?v=flqGTQNHFDE&feature=player_embedded&noredirect=1သွားပြီးကြည့်နိုင်ပါတယ်.....

Monday, 25 February 2013

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက

အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။

ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို

အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ် သုံးနေရပြီး မူလအကောင့်

ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင်

လူတိုင်းကြုံတွေ့ပြီး  ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့

ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။

နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်

ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို

Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock

ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်

သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂

ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂

ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ

ကောင်းပါတယ်။ အဲ့လိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့

သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ

Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google

Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security

မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့ 

ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ

ရတတ်ပါတယ်။

ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ

လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Account ကို Log In ဝင်ရန်

Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း

အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification

step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင်

ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက်

သတိထားစေချင်ပါတယ်။ ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး

Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။

မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ

Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ

Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို

တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့

စာတန်းပေါ်လာတတ်ပါတယ်။

သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့

မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။ သူငယ်ချင်းနည်းပြီး

ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့်

သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့်

စိုးရိမ်စရာမလိုပါ။

သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။

တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့်

ပေးတတ်ပါတယ်။ ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ

အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link ,

Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။

သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့်

မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning

တွေတက်တက်လာတတ်ပါတယ်။ ဒီနေရာမှ တစ်ခု

ထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friendဖြေတဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့

သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး.. သူမေးထားတဲ့ပုံနဲ့ လူငါယောက်ကို

မှန်အောင်ဖြေရပါတယ်… အချိန်အကြာကြီးယူဖြေလို့မရပါဘူး. အချိန်ကြာသွားရင်

မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး.။

အားလုံး အဆင်ပြေကြပါစေဗျား !!!

 Source by ::https://www.facebook.com/photo.php?fbid=174442172695101&set=a.170381926434459.40589.100003879574228&type=1&theater

Popular Posts