အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label ဘလော့ဆိုင်ရာ. Show all posts
Showing posts with label ဘလော့ဆိုင်ရာ. Show all posts

Thursday, 27 February 2014

မိမိဘလော့မှာ မိတ်ဆွေဘလော့ကာများ ထားတဲ့နည်းလမ်းလေးပါ

 မင်္ဂလာပါ နော်...သည် နည်းလမ်းလေးကတော့ မိမိဘလော့မှာ  တခြား ကိုယ် ကြိုက်သောမိတ်ဆွေဘလော့များ  အားထည့်ထားနည်းလေးပါ  သည်နည်းလေးကတော့ မိတ်ဆွေ ဘလော့များ မှ တင်သမျှ ပို့စ်များအား နောက်ဆုံးတင်ထားသောပို့စ်လေးကို အပ်ဒိတ် လုပ်ပြသထား
ပါတယ်... သည်နည်းလမ်းလေးကို   C-Box ကနေ တောင်းဆိုထားခြင်းဖြစ်ပါတယ်...
အောက်မှာ အဆင့်ဆင့် လုပ်ဆောင် ချက်နည်းလမ်းလေးကို ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်နော်..
ပထမ အနေနဲ့ ဘလော့ကာ ၀င်လိုက်ပြီး မိမိတို့ ဘလော့ကာရဲ့ Layout ကိုသွားလိုက်ပါ
အောက်ကပုံလို တွေ့မြင်လာရမှာဖြစ်ပါတယ်.. Layout မှာ ရှိတဲ့ Add a Gadget ကိုကလစ်ပါ။
 နောက်ထပ် တွေ့ရမှာကတော့ အောက်က ပုံလေးပါဘဲ.. အဲခါမှာ ပုံထဲကပြထားသလို Blog List ဆိုတာလေးကိုရှာပြီး  ကလစ်ပေးလိုက်ပါနော်..။
နောက် တဆင့် ကတော့ အောက်ကပုံတိုင်းတွေ့လာ မှာဖြစ်ပါတယ်...ပုံလေးထဲကအတိုင်း
Add a Blog To Your List ဆိုတာကို ကလစ်ပေးလိုက်ပါ...။
နောက် ထပ်တွေ့မြင်ရမှာကတော့ အောက်ကပုံလေးဆက်ကြည့်လိုက်ပါ... လင့်ထည့်ဖို့
ဘောက်လေးကျလာပါပြီ  မိမိတို့ ထည့်ထားလိုသော ဆိုဒ်ရဲ့ လိပ်စာကို ထည့်ပြီး အောက်က Add  ကိုကလစ်ပေးလိုက်ပါ...။
အောက်က နည်းလေးဆက်ကြည့်ပါ  သူကတော့ မိမိတို့က ထည့်လိုသော ဆိုဒ်တွေမှာ မန်ဘာဝင်ထားတယ်  ဆိုရင်တော့ လိပ်စာတခုချင်းစီ ထည့်ဖို့မလိုဘဲ တခါတည်း အကုန်ထည့်လို့ရတဲ့နည်းလေးတစ်ခုပါ..ဒါကလည်း ထည့်မည့် ဘလော့မှာ မိမိက မန်ဘာ ဖြစ်နေမှ ရမှာပါ။
ပုံထဲကတိုင်း ကြည့်လိုက်ပါ   မန်ဘာဝင်ပြီးသား ဘလော့ဆိုဒ်တွေကို ထည့်မည်ဆိုပါက အောက်က Blog I'm Following ဆိုတာကိုအမှတ် ပေးလိုက်ပါနော်....ဒါဆို  အောက်က ပုံလေးတိုင်း ကျလာပါမယ်
ဒါဆို မိမိ မန်ဘာ ဆိုတဲ့ Following လိုက်ထားသော ဆိုဒ်များကို ပြသထားမည်ဖြစ်ပါတယ်..
အထဲကမှ  မိမိဘလော့မှာ ထည့်ထားလိုသော ဘေလာ့တွေကို အမှန်ခြစ်ပေးပြီး အောက်ဆုံးက
Add  လုပ်ပေးလိုက်ပါ... အဆင်ပြေပါပြီနော်..
ဘလော့ခရီးသည်ဘလော့မှပြန်လည်ကူးယူတင်ပြပါသည်။

Thursday, 19 December 2013

Blog လုပ်နည်း။ [ How to Create a Blog ! ]

ကိုယ်ပိုင် ဘလော့ ဝဘ်ဆိုဒ် လုပ်ချင်တဲ့သူတွေ ခုနောက်ပိုင်း ပိုများလာပါတယ်။ မြန်မာပြည်ကနေ ဘလော့ကို

ဝင်လို့လွယ်သွားတာလည်း ပါတယ်။ အရင်က blogspot.com ကို မြန်မာပြည်က ဘမ်းထားလို့ ဝင်ကြည့်တာတောင်

Proxy ကျော်ပြီးမှ ကြည့်လို့ ရပါတယ်။ မကြာခင်ကပဲ ပိတ်သွားတဲ့ Multiply ဆိုဒ်မှာဆိုရင်လည်း ကျွန်တော်တို့

မြန်မာတွေ အများကြီးပါပဲ။ ခု အဲဒီသူငယ်ချင်းတွေအနေနဲ့ ဘလော့မှာ ဆိုဒ်တစ်ခုထောင်ပြီးတော့ ကိုယ်ဝါသနာပါရာ

ကဗျာ စာပေတွေပဲ ဖြစ်ဖြစ် နည်းပညာတို့ ဆော့ဝဲလ်တို့ တင်ချင်ရင်ပဲ ဖြစ်ဖြစ် အပျော်သဘော ကလိချင်ရင်ရောပေါ့။

blogspot.com ကလည်း လုပ်တတ်သွားပြီဆို ဘာမဆို အရမ်းကို လွယ်ပါတယ်။ မသိသေးရင်တော့ ခက်တာပေါ့နော်..

နောက်တော့လည်း တစ်ဖြေးဖြေး လေ့လာရင်း စမ်းကြည့်ရင်းနဲ့ အဆင်ပြေသွားမှာပါ..။ အဲဒီတော့ ကျွန်တော်တို့လို

ကိုယ်ပိုင် ဘလော့လေးတွေ လုပ်ချင်နေတဲ့ သူငယ်ချင်းများ အတွက် ဘလော့လုပ်နည်းကို စလိုက်ရအောင်.........။


ပထမဦးဆုံး www.blogger.com ကိုသွားပြီးတော့ ကိုယ့် Gmail Account နဲ့ Password ထည့်ပြီး Sign In လုပ်ပါ။






ဒါကတော့ Google က  Gmail ကို security မြှင့်လိုက်တာပါ။ သင့် Gmail Account ကို တစ်ယောက်ယောက်က

Password သိသွားရင်တောင် ဖွင့်လို့မရတဲ့   2-Step Verification ကို အသုံးပြုတဲ့လူတွေ များလာပါပြီ။

လိုအပ်ချက် => [ ကိုယ်ပိုင် Hand Phone တစ်လုံး ]  ဒီနေရာမှာ အပြည့်အစုံ သွားရောက် လေ့လာနိုင်ပါတယ်.။

ကျွန်တော်ကတော့ ဒီအဆင့်ကို ကျော်လိုက်ပါတယ်..။ အောက်မှာ ဝိုင်းပြထားတဲ့ Skip ကို နှိပ်လိုက်ပါ။



Google+ Profile နဲ့ Blogger Profile ဆိုပြီးတော့ ၂ မျိုးထဲက တစ်ခုကို ရွေးလုပ်လို့ ရပါတယ်။ ကျွန်တော်ကတော့

Blogger Profile ကိုပဲ ရွေးလုပ်ပါတယ်..။ အောက်မှာ ဝိုင်းပြထားတာကို နှိပ်ပါ။



Display Name မှာ သင့်နာမည်ကို ရေးပြီးတော့ Continue to Blogger ဆိုတာကို ဆက်နှိပ်ပါ။




ဒီစာမျက်နှာကို ရောက်လာပြီဆိုရင် New Blog ကို နှိပ်ပေးပါ။



ဒီနေရာကတော့ နောက်ဆုံး အဆင့်ပါပဲ။ Title , Address , Template ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။

Title = ခေါင်းစီး စာသားပါ။

Address = ဆိုဒ်လင့် ဖြစ်ပါတယ်။ ကိုယ့်ဆိုဒ် လိပ်စာပေါ့။ နမူနာ [ http://itwebcrazyboy.blogspot.com ] အဲလိုပါ။

Template = ဝဘ်ဆိုဒ် ဒီဇိုင်း ပေါ့ဂျာ :) ။ ကိုယ်ကြိုက်တာ ရွေးလုပ်ပါ။

ဘလော့ကို ခုမှစလုပ်မယ့် သူငယ်ချင်းများ Dynamic Views ဆိုတဲ့ Template ကို မသုံးစေချင်ပါ..။ တစ်ခြား

ရိုးရှင်းသော Template ကိုသာ ပထမဦးဆုံး စတင်သုံးပါ။ နောက် ကိုယ်ကျွမ်းကျင်သွားမှ ဒီထက် ပိုကောင်းတဲ့

Template များကို အချိန်မရွေး ပြောင်းလဲအသုံးပြုနိုင်ပါသည်..။ Address ဆိုဒ်လိပ်စာမှာ အောက်ကပုံအတိုင်း

ဖြစ်နေတယ်ဆိုရင် ပထမ လုပ်ထားတဲ့လူရှိနေတဲ့အတွက် တစ်ခြား နာမည်တစ်ခု ပြောင်းလုပ်ပါ။



ကျွန်တော် အောက်မှာ လုပ်ပြထားတဲ့အတိုင်း အားလုံး လုပ်လို့ အဆင်ပြေပြီဆိုရင် Create blog! ကို နှိပ်လိုက်ပါ။



ဒါဆို ကျွန်တော် Blog လုပ်လိုက်တာ အောင်မြင်သွားပါပြီ။ View blog ကို နှိပ်ပြီး ကိုယ့်ဘလော့ကို ကြည့်နိုင်ပါတယ်။

ပို့စ်စတင်မယ်ဆိုရင်တော့ Start posting ကို နှိပ်လိုက်ပေါ့နော်..။



ကျွန်တော် ခုလုပ်လိုက်တဲ့ ဘလော့ပါ။ ပို့စ်ကတော့ မတင်ရသေးတဲ့အတွက် မရှိသေးဘူးပေါ့.. No posts.



Start posting ကို  နှိပ်ပြီး ပို့စ်တင်မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုတယ်..။




View blog ကို နှိပ်ပြီးမှ ပို့စ်အသစ်တင်လည်း ရတယ်။ ဘလော့ကို ပြန်ပြင်ချင်တာဆိုလည်း ရတယ်နော်..။





http://www.blogger.com/home ကိုသွားပြီးတော့ အောက်က အတိုင်း လုပ်လို့လည်း ရပါတယ်...။





ကဲ ဒီလောက်ဆိုရင်တော့ ကိုယ်ပိုင် ဘလော့ လုပ်ချင်နေတဲ့ သူငယ်ချင်းများ အဆင်ပြေပြီ ထင်ပါတယ်နော်..

http://itwebcrazboy.blogspot.com မှပြန်လည်ကူးယူတင်ပြပါသည်

Popular Posts