အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, 9 February 2015

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?



ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။

World Myanmar ကနေ မျှဝေပါသည်။

Windows 8 ဆိုတာဘာလဲ



Windows 8 ဆိုတာဘာလဲ
ကျနော့်ကို FB မှ ညီအကိုတစ်ယောက် မေးလာတာလေးပါ
သိရင်နည်းနည်းပြောပြပေးပါဆိုလို့ ဒီပိုစ့်လေးကို ကျနော်သိသလောက ပြန်လည်မျှဝေလိုက်ပါတယ်။ လေ့လာခါစဘော်ဒါတွေအတွက်တော့ အခုကျနော် ပြန်လည်မျှဝေမှုသည် Windows 8 နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ပြီးပြည့်စုံတောင် မဟုတ်ပေမယ့် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်လောင်အောင် မျှဝေလိုက်ပါတယ်။
 

၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပါတယ်။ အဲဒီတုန်းကတော့ Windows 8 သည်
Microsoft မှ နောက်ဆုံးထုပ်လိုက်သော Operating System တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အခု ၂၀၁၅ ခုနှစ်အရောက်မှာတော့ Windows 8.1 Pro ဗားရှင်းအထိ ထုပ်လုပ်ပြီးဖြစ်တော့
၂၀၁၂ ခုနှစ်မှာ ထုပ်လိုက်တဲ့ Windows 8 သည် နောက်ဆုံး ထုပ်ကုန်မဟုတ်တော့ပါ။

Windows 8 OS ကို C, C++ နှင့် Assembly language တို့ကို အဓိကအခြေခံထားပြီး ဖန်တီးထားထာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က နောက်ဆုံးအဖြစ် ထုတ်ခဲ့တဲ့ Windows 7 OS ကို အပြတ်အသား ကျော်ဖြတ်နိုင်မယ်လို့ အများက ယူဆခဲ့ကြပါတယ်။
သူ့ရဲ့ အားသာချက် အားနည်းချက် ကောင်းဆိုးဆိုတာတွေကိုတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။

အဲဒီထဲက ကောင်းတာတွေကို ရွေးသုံးပြီး၊ မကောင်းတာတွေကို ဆင်ခြင်သုံးသပ်ယူရမှာဖြစ်ပါတယ်။
ယခင် Windows OS တွေနဲ့ မတူကွဲပြားခြားနားသော ထုတ်ကုန်ဖြင့် ပရိတ်သတ်ကို ဆွဲဆောင်နိုင်ပါတယ်။
Start Windows ဟာ အလွန်မြန်ဆန်လာပါတယ်။ အဖွင့်မျက်နှာစာဟာလည်း မသိလျှင် Tablet တစ်လုံး၏
Screen မျာက်နှာပြင်သားကဲ့သို့ ခံစားရစေပါလိမ့်မယ်။ အထူးခြားဆုံးကတော့ အလျှင်မြန်ဆုံး Windows တက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ အရင် Windows 7 ထက် ၃ ဆပိုမိုမြန်ဆန်လာပါတယ်။
ကျနော်မကြိုက်တဲ့အချစ်ကတော့ Start Button ကိုနေရာရောပံစံပါ ရွေ့ပြောင်းလိုက်တာဖြစ်ပါတယ်။
Start Button ကို မြင်ရဖို့က အပေါ်ညာဘက်ထောင့်ကို မြားတင်မှသာ Start အုပ်စုပေါ်လာပါတယ်။
Mouse ကစားမှုကို ပိုအချိန်ကုန်စေပါတယ်။ အားနည်ချက်လို့ ထင်ရပေမယ့် အသွင်က အရင် Windows OS နဲ့စာလျှင်တော့ ဆန်းနေတာဖြစ်လို့ လက်ခံသဘောကျပါတယ်။

Windows 8 ရဲ့ နောက်ကောင်းတဲ့တစ်ချက်ကတော့ Smart Phone တွေမှာလို ရှိသမျှအသုံးများအား Desktop Screen အဖြစ်အလှဆင်ပေးထားတာပဲဖြစ်ပါတယ်။
တကယ်လို့ စာဖတ်သူ ကွန်ပျူတာမှာ Windows 8 ကို install လုပ်ပြီး အသုံးပြုလိုတယ်ဆိုရင်တော့ အချို့သော လိုအပ်ချက်တွေရှိပါတယ်။
အောက်ပါအချက်များနဲ့ ပြည့်စုံနေပါမှာ စာဖတ်သူရဲ့ ကွန်ပျူ တာမှာ Windwos 8 တစ်ခုကို
Install လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Windows 8 ကို install လုပ်ရန် လိုအပ်ချက်များ
v Processor: 1 gighertz (GHz) or fester with support for PAE, NX, and SSE2 (more info)
v RAM: 1 gigabyte (GB) (32-bit) or 2 (64-bit)
v Hard disk space: 16 GB (32-bit) or 20 GB (64-bit)
v Graphics card: Microsoft DirectX 9 graphics device with WDDM Driver
ကွန်ပျူတာအကြောင်းနားလည်မှုအားနည်းသူများကတော့ ကျွမ်းကျင်သူများနှင့်ပြကာတိုင်ပင်သင့်ပါတယ်။ အချို့သော စက်တွေမှာ အလွယ်ကတူ Upgrade လုပ်နိုင်ခွင့်ရှိကောင်းရှိနိုင်ပါတယ်။
နောက်ထပ် Windows 8 မှာ Style Type နှစ်မျိုးဖြင့်ရနိုင်ပါသေးတယ်။ Windows 8 နှင့် Windows RT တို့ပဲဖြစ်ပါတယ်။ Windows RT ကတော့ Tablet များနှင့် TouchScreen သုံး PC များအတွက်ဖြစ်ပါတယ်။
Windows 8 ကတော့ သာမန် အိမ်သုံး PC များအတွက်ဖြစ်ပါတယ်။
(ပိုပြီးသင့်တော်ပါတယ်)

Windows 8 ကိုတော့ Microsoft က Pro Version ၊ Enterprise Version နှင့် Core Version ဟူ၍ အမျိုးအစားခွဲထုပ်ပေးထားပါတယ်။ သာမာန် User Core version ကိုတော့ ၀ယ်သုံးကြတာများပါတယ်။
Special User အဖြစ်အသုံးပြုလိုသူတွေကတော့ Pro Version ကို ၀ယ်သုံးကြပါတယ်။
တကယ်လို့ Windows 8 ဆိုင်ရာ ဗားရှင်းတွေထဲက Network ပါဝင်သော အကောင်းဆုံးကိုမှ
အသုံးပြုလိုလျှင်တော့ Windows 8 Enterprise Version ကို ၀ယ်သုံးနိုင်ကြပါတယ်။
Windows 8 Professional Upgrade -$69.99 (save$130)
Windows 8 Pro Pack –Product Key Card (no media) -$69.99 (save $30)
Windows 8 (Full Version) – OEM $99.99
Windows 8 Pro (Full Version) –OEM $139.99
31, January,2013 အထိ Windows 8 ရဲ့ ဈေးနှုန်းကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်

Windows 8.1 ဆိုင်ရာကိုတော့ မကြာမှီတင်ပေးသွားမှာဖြစ်ပါတယ်။
အထက်ပါ ဈေးနှုန်းများသည် အပြောင်းအလဲရှိနိုင်ပါသည်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
တကယ်လို့ ကျနော်လက်လှန်းမှီသလောက် ရေးသည့် ဒီပိုစ့်ထဲမှာ
အမှားများပါခဲ့ရင်တော့ ကျနော့်ရဲ့အားနည်းချက်သာဖြစ်ပါကြောင်း

ရိုးသားစွား ၀န်ခံပါသည်။
PDF အဖြစ် သိမ်းဆဲထားချင်သူများကတော့
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ

http://www.ooarkar.com/2015/02/windows-8_6.html

ဦးအာကာဘလော့မှပြန်လည်ကူးယူတင်ပြသည်။

Mobile Data သုံးစွဲမှု လျှော့ချနိုင်မည့် နည်းလမ်းများ


                       

မိုဘိုင်းဖုန်းက တစ်ဆင့် အင်တာနက် သုံးစွဲသူများ အနေဖြင့် မိမိရဲ့ အင်တာနက် အသုံးပြုမှုတွေကို မထိန်းချုပ်ထားနိုင်ဘူးဆိုရင် အင်တာနက် သုံးစွဲမှုများ အတွက် ငွေကြေးအကုန်အကျ များစေမှာပါ။ Android OS သုံးစွဲသူများအနေနှင့် Mobile Data နှင့်အင်တာနက်ကို အသုံးပြုတဲ့အခါမှာ Mobile Data အသုံးချမှုတွေ လျော့နည်းနိုင်ဖို့ နည်းလမ်းများ ဖြစ်ပါတယ်။ Mobile Data အသုံးပြုမှုလျော့နည်းစေရန်အတွက် App တွေကို အသုံးပြုပြီး လျော့ချနိုင်မှာ ဖြစ်သလို၊ OS ရဲ့ Option တွေကို အသုံးပြုပြီးလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ဝက်ဘ်စာမျက်နှာများကို ချုံ့ခြင်း
Android OS မှာ အင်တာနက် အသုံးပြုနိုင်ဖို့ အတွက် Browser App တွေအများအပြား ရှိမှာဖြစ်ပါတယ်။ အများစု App တွေဟာ ကွန်ရက်ကို ဆက်သွယ်တဲ့ အခါမှာ Mobile Data တွေကိုသုံးစွဲမှု အများအပြားရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဝက်ဘ်စာမျက်နှာတွေကို ဖွင့်တဲ့အခါမှာ Data သုံးစွဲမှုကို လျှော့ချပေးနိုင်တဲ့ Opera Mini လို Browser မျိုးကို သုံးစွဲသင့်ပါတယ်။ Opera Mini Browser ဟာ ဝက်ဘ် စာမျက်နှာတွေကို ချိတ်ဆက်တဲ့ အခါမှာ Data တွေကို လျော့ချပေးနိုင်ဖို့ အတွက် နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။ Chrome Browser ကို အသုံးပြုမယ် ဆိုရင်လည်း Chrome Browser ကိုဖွင့်လိုက်ပါ။ Settings ကို နှိပ်ပြီး Reduce data usage ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Reduce data usage ထဲကို ရောက်ပြီဆိုရင် အဆိုပါ Feature ကို On ပေးရမှာဖြစ်ပါတယ်။

                                  
                             

Data သုံးစွဲမှုကို မှတ်တမ်းတင်ထားပါ
Onavo Extend ဒါမှမဟုတ် Opera Max ဆိုတဲ့  App တွေကို Google Play Store ကနေ Download ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  အဆိုပါ App တွေ အလုပ် လုပ်ဆောင် ပုံကတော့ မိုဘိုင်းဖုန်းပေါ်ကနေ ဝက်ဘ်စာမျက်နှာတွေကို ချိတ်ဆက် အသုံးပြုတဲ့အခါမှာ ဆာဗာတွေ ကိုအရင်ဆုံး Data တွေပို့ပါတယ်။ ထိုအခါမှာ App တွေဟာ ဝက်ဘ်စာ မျက်နှာပေါ်က အချက်အလက်တွေကို ချုံ့ပြီး Data သုံးစွဲမှု သက်သာစေရန် အတွက်ပြုလုပ် ပေးပါတယ်။ ဒီ App တွေဟာ Widget အနေနဲ့ သုံးစွဲနိုင်တဲ့အတွက် ဒေတာတွေကို ဘယ်လောက် အသုံးပြု ထားတယ်ဆိုတာတွေကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

                                   

Data သုံးစွဲမှုကို သတ်မှတ်ချက်ထားပါ
Android OS အသုံးပြုသူများအတွက် အင်တာနက် အသုံးပြုတဲ့အခါမှာ Settings အောက်က Mobile Data မှာ Data usage ကို ကန့်သတ်ပေးနိုင်တဲ့ နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ ဒီလိုအသုံးမပြုချင်ဘဲ Third Party App တွေကို အသုံးပြုချင် သူများအတွက် Onavo Count ဆိုတဲ့ App နဲ့ My Data Manager လို Third Party App များကို အသုံးပြု ပြီး ဒေတာသုံးစွဲမှု ပမာဏကို သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ App တွေဟာ နေ့စဉ်သုံးစွဲတဲ့ Data သုံးစွဲမှုတွေကို မှတ်တမ်းတင် ပေးထားပြီး သတ်မှတ်ထားတဲ့ Data Usage တွေထက် မပိုစေရန် စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။

                                  

App များနှင့် Game များကို Offline အသုံးပြုပါ
App တွေနဲ့ Game တွေကို အသုံးပြုတဲ့ အခါမှာလည်း Offline မှာသာ အသုံးပြုနိုင်တဲ့ App များ Game များကို အသုံးပြုသင့်ပါတယ်။ ဥပမာ Google Map ကို အသုံးပြုလျင် အင်တာနက် အသုံးပြုမှသာ အသုံးပြုနိုင် မည်ဖြစ်ပြီး Google Map အစား NavFree, Sygic အစရှိတဲ့ App များကဲ့သို့ SD Card ထဲ ထည့်သွင်းပြီး offline အသုံးပြုသင့်ပါတယ်။

                                       
                                   

 အင်တာနက်ဂျာနယ်မှပြန်လည်ကူးယူဖော်ပြသည်။

Wednesday, 4 February 2015

ဟက်ကာတယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ၊ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတခု



ဟက်ကာတယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ၊ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတခု

မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတခုကို အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။

အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။
ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။ ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R
ကိုနှိပ်ပါ။

Run box လေးပေါ်လာပါလိမ့်မယ်။
CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။

ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။

Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ
မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။
အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

ဦးအာကာဘလော့မှပြန်လည်ကူးယူတင်ပြသည်။

ကွန်ပျူတာ၏ Bit and Byte အကြောင်း


ကွန်ပျူတာ၏ Bit and Byte အကြောင်း

Bit
Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့ မဟုတ်) electronic informati on storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါတယ်။ ၄င်းကတော့ information တွေကို စက်နားလည်အောင် 0 (false) (သို့မဟုတ်) 1(true) ကို ထုတ်ပေးပါတယ်။ (မီးခလုတ် ချိန်းသကဲ့သို့ လုပ်ပေးပါတယ်) 8bits=1byteပါ။ Byte
Byte ဆိုတာ တိုင်းတာတဲ့ unit တခု ဖြစ်တယ်။ 1 byte မှာ 8 bit ရှိပါတယ်။ ကွန်ပျူ တာရဲ့ memory ကို ပြောတဲ့အခါ (သို့မဟုတ်) electronic information (data) တွေ ကို ပြောတဲ့ အခါမှာ အသုံးပြုပါတယ်။ byte ကို အများဆုံး english အက္ခရာ အကြီးစာ လုံး B နဲ့ ဖော်ပြပါတယ်။ တခါတရံ မှာတော့ အသေးစာလုံး b ကို အသုံးပြုပါတယ်။
Byte ရဲ့ အကြီးဆုံး unit အတွက် name တွေကတော့………
Kilobyte သူ့ကိုတော့ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard drives တွေအ ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။ ပထမဆုံး 1kilobyte မှာ 1024 bytes ရှိပါတယ်။ တချို့ သူတွေကတော့ kilobyte တခုမှာ 1000bytes ရှိတယ်လို့ ပြောပြီး အ မှန်တကယ် 1024 bytes ရှိတာက kibibyte လို့ ပြောပါတယ်။


Kibibyte
သူကတော့ information ၏ unit (သို့မဟုတ်) computer storage တခု ဖြစ်ပါတယ်။ kibibyte တခုမှာ 1024 bytes ပါ။ 1024 kibibytes ကတော့ mebibyte တခု ပဲဖြစ်ပါ တယ်။
Megabyte
သူ့ကိုတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard
ves တွေအကြောင်း ပြောတဲ့အခါမှာ အသုံးပြု ပါတယ်။ 1 megabyte မှာ 1 million bytes ရှိပါတယ်။ 1998 ခုနှစ်မတိုင်မှီ International Electrotechnical Com missi ons (IEC) က ပထမဆုံး mebibyte တခုဟာ 2^20 (သို့ မဟုတ်) 1,048,576 bytes ဟူ ၍ လည်းကောင်း megabytes ကို 1,048,576 bytes (သို့ မဟုတ်) 1,024 kiloby tes (သို့မဟုတ်)1024^2 bytes ဟူ၍ သတ်မှတ်ခဲ့ပါတယ်။ ကွန်ပျူတာ သုံးသူ အကြမ်း ဖျင်းကတော့ megabyte ကို (IEC) က ထုတ်တဲ့ ဒီ number တွေထဲက တခုကို သတ် မှတ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

Mebibyte
သူကတော့တိုင်းတာတဲ့ unit တခုဖြစ်ပါတယ်။၎င်းက 1024*1024 bytes ကို ကိုယ် စားပြုပါတယ်။ mebibyte တခု ဟာ information ရဲ့ unit တခု (သို့မဟုတ်) ကွန်ပျူ တာ ရဲ့ storage တခုဖြစ်ပါတယ်။ အတို ချူံးကတော့ MiB လို့ ခေါ်ပါတယ်။ 1MiB=2^ 20 bytes=1,048,576 bytes=1,024 kibibytes ဖြစ်ပါတယ်။ Mebibyte ဟာ megabyte နဲ့ နီးစပ်ပါတယ်။ ၄င်းဟာ mebibyte အတွက်ညီမျှ ချက်တခုဖြစ်နိုင်ပါတယ် (သို့မဟုတ်) 10^6 bytes=1,000,000 bytes။ ဒီ unit ကိုလည်း (IEC) ကပဲ သတ် မှတ်ခဲ့ တာပါ။
1 mebibyte =1024(2^10)kilobytes 1gigabytes=1024 mebibytes Gigabyte (GB or gig) သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာ ခြင်း unit တခုဖြစ်ပါတယ်။ 1 gigbyte = 1 billion bytes ဖြစ်ပါတယ်။Modern com puter တခု၏ Random access memory(RAM) မှာ 1,073,741,824(2^30)bytes ကို အသုံးပြုပါတယ်။ တချို့ သူတွေကတော့ Gigabyte ကို 1,073,741,824 bytes အ စား1billionbytes ကိုသုံးသင့်တယ်လို့ ပြောကြပါတယ်။

Terabyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1terabyte =1000 gigabytes(GB)(သို့ မဟုတ်) trillion (1,000, 000, 000,000)bytes အချို့ သောသူများကတော့ 1 terabyte =1,099,511,627,776 လို့  ပြောကြပါတယ်။ ကြီးမားတဲ့ အဖွဲ့ အစည်းတွေမှာ data တွေကိုသိမ်းဖို့ အတွက် teraby tes ရှိတဲ့ hard drives တွေကို အသုံးပြုကြပါတယ်။ (ဥပမာအားဖြင့် Microsoft organi zation တွေ server တွေကိုထိန်းချုပ်တဲ့ organization တွေမှာ သုံးကြပါတယ်…. ကျန်တဲ့ကြီးမားတဲ့ organization တွေမှာ လည်းသုံးကြပါတယ်)
လုပ်ငန်းသေးသေးလေးတွေမှာတော့ terabyte ကို မသုံးကြပါဘူး။ အများဆုံးသုံး တာ ကတော့ gigabytes,megabytes နှင့် kilobytes တို့ ကိုသုံးကြပါ တယ်။ နောင်လာ မယ့်အနာဂတ်မှာ အိမ်တွေမှာပါ terabytes တွေကို သုံးစွဲလာကြမယ်လို့ ပြောပါတယ်။ 2008 ခုနှစ်မှာ Apple company က iMac computer ကို 1TB hard drives နဲ့ ထုတ် လုပ်ခဲ့ပါတယ်။

Tebibyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1 teribytes =1024 gibibytes (GiB) (သို့မဟုတ်) 1,099, 511, 627, 776 bytes.1024 teribytes သည် 1exbibyte ကို ပြုလုပ်ပါတယ်။ 1024 teri bytes =1exbibyte.

Petabyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1 Petabytes =1000 terabytes(GB) (သို့မဟုတ်) 1,000,000, 000, 000,000(a thousand trillion). ကြီးမားသောအဖွဲ့ အစည်းများတွင် petabytes ကို adatastorage ရန်အတွက် အသုံးပြုပါတယ်။

Pebibyte
အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1Pebibytes =1024 tebibytes (TiB) (သို့ မဟုတ်) 1,125, 899, 906, 842,624bytes.
Exabyte
အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကိုတိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1 Exabyte=1000petabytes(PB)(သို့ မဟုတ်)1,000, 000,000, 000,000,000bytesဖြစ်ပါတယ်။

Exbibyte
သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန် အ တွက်အသုံးပြု ပါတယ်။ 1 Exbibytes=1024 pebibytes (PiB) (သို့မဟုတ်) 1,152, 921,504,606,846,976 bytes. 1024 exbibytes =1zebibyte Zettabyte(ZB)
သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန် အ တွက်အသုံးပြုပါတယ်။

1 zettabyte=1000 exabytes (EB) (သို့ မဟုတ်) 1,000,000, 000,000, 000, 000, 000 (a billion trillion) bytes.2008 ခုနှစ်ထိ zettabyte date တခု ကို သိမ်းဆည်းဖို့  ကြီးမားတဲ့ ကွန်ပျူတာ မရှိသေးပါဘူး။
Yottabyte(YB)
သူ့ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန်အ တွက် အသုံးပြုပါတယ်။ 1yottabytes =1000 zettabytes(ZB) (သို့မဟုတ်) 1,000, 000,000,000,000,000,000,000 (a trillion trillion)ဖြစ်ပါတယ်။ 2008ခုနှစ်ထိ yott abyte date တခု ကို သိမ်းဆည်းဖို့ ကြီးမားတဲ့ကွန်ပျူတာ မရှိသေးပါဘူး။

Ref:http://www.lubo601.com
လေးစားစွာဖြင့်
IT-Guide...(N..L..H)

Windows PC အား အချိန်ဖြင့် Shutdown ပြုလုပ်ရန် သတ်မှတ်ခြင်း



Windows Operating System အသုံးပြု သူများအနေဖြင့် မိမိ PC ကို ညပိုင်းတွေမှာ Download ပြုလုပ်တာပဲဖြစ်ဖြစ် အခြားသော အလုပ်ကိစ္စများအတွက် ခိုင်းစေထားတဲ့ အခါမှာပဲဖြစ်ဖြစ် PC ကို ဖွင့်ထားပြီး ညပိုင်း Auto Shutdown ပြုလုပ်ချင်တဲ့အခါမှာ အခြားသော Third Party Software တွေကို အသုံးမပြုဘဲ Windows Operating System မှာ Built-in ပါဝင်တဲ့ Task-Scheduler ဆို တာနဲ့ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။

Task-Scheduler ကို ဖွင့်ဖို့အတွက် ပထမဆုံး Start Button ကို နှိပ်လိုက်ပါ။ Program Search Box မှာ Task-Scheduler ဆိုတဲ့ Keyword ကို ရိုက်ထည့်ပေးလိုက်ရင် Task-Scheduler ကို အပေါ် ဆုံးမှာ တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ Task-Scheduler ကို တွေ့ ရင် ကလစ်နှိပ်ပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ Task-Scheduler ထဲကို ရောက်သွားပြီဆိုရင် Task Scheduler Library ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် ညာဘက် အခြမ်းမှာရှိတဲ့ Actions Box မှာရှိတဲ့ Create Basic Task ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Create Basic Task ကို နှိပ်လိုက်ရင် Box တစ်ခုထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ Name နေရာ မှာ Auto Shutdown ပြုလုပ်မှာ ဖြစ်တဲ့အတွက် Automatic Shutdown ဆိုပြီး နာမည်ပေးထားရပါမယ်။ Description မှာ မထည့်ပေးလည်း ရပါတယ်။ ပြီးသွားရင် Next Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့် ကတော့ Daily လုပ်မှာလား Weekly လုပ်မှာလား ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ်ပြီး  ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် Next Button ကို နှိပ်ရမှာ ဖြစ် ပါတယ်။ နောက်တစ်ဆင့်ကတော့ ရက်စွဲနဲ့အချိန်ကို သတ်မှတ်ပေးရမယ့် အဆင့်ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့် ကွန်ပျူ တာကို ပိတ်မယ့်အချိန်ကို ရွေးချယ်ပြီး သတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။
 ပြီးသွားရင် Start a Program ကိုရွေးချယ်ပြီး Program Script မှာ Shutdown ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Arguments နေရာမှာ /S/F ဆိုပြီး Argument နှစ်ခုကို ထည့်သွင်းပေး
ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Next Button ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင် Finish ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေ ပြီးသွားပြီဆိုရင် Task Scheduler မှာ Auto Shutdown ပြုလုပ်ဖို့အတွက် လုပ်ငန်းစဉ် တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်း အလုပ်လုပ်ဆောင်နိုင်ရန် အလယ်ဘက်မှာရှိတဲ့ Box မှာ ဖန်တီးထားတဲ့ Automatic Shutdown ဆိုတာကို တွေ့ ရမှာဖြစ်ပါတယ်။ Select မှတ်ပြီး Right Click ပြုလုပ်လိုက်ပါ။ Right Click ပြုလုပ်ပြီးသွားရင် Properties ဆိုတာကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။ Properties Box အတွင်းမှာ Run with highest privileges ဆိုတဲ့နေရာမှာ အမှန်ခြစ်လေး ထည့်ပေးထားရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ Settings ကိုတော့ မိမိနှစ်သက်သလို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်မှပြန်လည်ကူးယူဖော်ပြသည်။

စမတ်ဖုန်းများမှာ ဒေတာအသုံးပြုမှုကို လျှော့ချရန် ရှောင်ကြဉ်ရမည့် အချက်များ



စမတ်ဖုန်းများမှာ ဒေတာအသုံးပြုမှုကို လျှော့ချရန် ရှောင်ကြဉ်ရမည့် အချက်များ
အရင်တုန်းကတော့ မိုဘိုင်းဖုန်းတွေဟာ ဖုန်းပြောမှသာ ပိုက်ဆံကုန်တာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဖုန်းပြောတာထက် အင်တာနက် အသုံးပြုတာက ငွေကြေးပိုကုန်ကျတဲ့ အချက်ဖြစ်နေပါပြီ။ စမတ်ဖုန်းမှာ ဒေတာ စားသုံးမှုကို လျှော့ချနိုင်ဖို့အတွက် ဒေတာတွေကို ချုံ့ပေးနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိတဲ့ မိုဘိုင်း ဘရောက်စာတွေလည်း ရှိပါတယ်။ အခု ဆောင်းပါးမှာတော့ ဒေတာ ပမာဏများစွာ ကုန်ဆုံးစေတဲ့ အင်တာနက် အသုံးပြုမှု ပုံစံ ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

YouTube မှ ဗီဒီယိုများကို Upload, Download ပြုလုပ်ခြင်း
သင်ဟာ YouTube မှာ ဗီဒီယိုတွေကို Upload, Download ပြုလုပ်သူတစ်ယောက်ဆိုရင်တော့ ဖုန်းငွေဖြည့်ကတ်တွေကို မကြာခဏ ၀ယ်ယူရမှာ သေချာပါတယ်။ တစ်မိနစ်စာ HD Video တစ်ခုရဲ့ ဒေတာပမာဏဟာ 200MB လောက်ရှိပါတယ်။ တစ်လလျှင် တစ်မိနစ်စာ HD Video ငါးခုလောက် Upload ဒါမှမဟုတ် Download ပြုလုပ်ရင်တော့ 1GB လောက် ဖြစ်နေပါပြီ။ HD Video လို့ ဆိုရာမှာ HD , Full HD, Ultra HD ခေါ် 4K Video တွေ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားလေလေ ဒေတာပမာဏ ပိုမို စားသုံးလေလေ ဖြစ်ပါတယ်။

Video Chat
Skype, Viber, FaceTime တို့ကနေ Video Chat ပြုလုပ်ရင် ဒေတာပမာဏများစွာ ကုန်ကျပါတယ်။ သင် အသုံးပြုတဲ့ App နဲ့ သင့် Video Chat ရဲ့ Resolution ပေါ်မူတည်ပြီး ဒေတာ ပမာဏ ကုန်ကျမှုက ကွဲပြားပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်မိနစ်လောက် Video Chat ပြုလုပ်ရင် 3MB လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

Online Gaming
Clash of Clan မိုဘိုင်း ဂိမ်းကို လူတွေ တော်တော် ကစားကြတာ တွေ့နေရပါတယ်။ ဒီလို Online Game တွေက ဒေတာပမာဏများစွာ ကုန်ကျစေပါတယ်။ ပျမ်းမျှ အားဖြင့် Online Game တစ်မိနစ် ကစားရင် 1MB လောက် ကုန်ကျတတ်ပါတယ်။
သီချင်းနားထောင်ခြင်း
အင်တာနက်မှ သီချင်းများကို နားထောင်မယ်ဆိုရင် တစ်မိနစ်လျှင် 2.4MB ဒေတာ ပမာဏကို စားသုံးပါတယ်။ တစ်နာရီလောက် သီချင်းနားထောင်ရင်တော့ 115MB လောက် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သီချင်းများကို ၀ိုင်ဖိုင် ချိတ်ဆက်နေတဲ့ အချိန်မှာ သင့်ဖုန်းထဲသို့ ဒေါင်းလုပ် ရယူထားပြီး နောက်မှ Offline နားထောင်သင့်ပါတယ်။

ဗီဒီယို ကြည့်ရှုခြင်း
YouTube လို ဗီဒီယို ၀က်ဆိုက်များမှ ဗီဒီယိုများကို Upload, Download ပြုလုပ်ရင်သာ ဒေတာ ပမာဏများစွာ ကုန်ကျတာ မဟုတ်ပါဘူး။ အဲဒီ ဗီဒီယို ၀က်ဆိုက်တွေက ဗီဒီယိုတွေကို ကြည့်ရှုရင်လည်း ဒေတာ ပမာဏများစွာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးမြင့်မားတဲ့ ဗီဒီယိုတွေဟာ တစ်မိနစ်လျှင် 50MB လောက်တောင် စားသုံးပါတယ်။ HD Video တွေကို တစ်နာရီ ကြည့်ရှုရင် 3GB လောက် ကုန်ကျတတ်ပါတယ်။

မိုဘိုင်းဖုန်းတွေမှာ အင်တာနက်ကို ဒေတာပမာဏ အလိုက် အသုံးပြုမှုကို သိပ်နားမလည်ကြသေးတဲ့ လူတွေ တော်တော်များများ ရှိနေပါတယ်။ အဲဒီအတွက် ဒေတာ ပမာဏများစွာ ကုန်ကျစေမယ့် အင်တာနက် အသုံးပြုမှု ပုံစံများကို ရှောင်ရှားသင့်ကြောင်း ရေးသားပေးလိုက်ပါတယ်။

Credit:Myanmar Digital Life Jouranl

သင့် facebook account ထဲက ဓာတ်ပုံတွေ ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား


Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...

ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...

အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...

သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...

Ref: Computer Hub

Monday, 2 February 2015

ကွန်ပျူ တာ ကို ဘယ်သူ သုံးသွားလည်း ပြန်ကြည့်နည်း


ကွန်ပျူ တာ ကို ဘယ်သူ သုံးသွားလည်း ပြန်ကြည့်နည်း
=======================================
နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။

Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။

Credit: လင်းဝင်း (နည်းပညာ)

Wednesday, 28 January 2015

ကွန်ပျူ တာပိတ်ထားလဲအချိန်ကဘာကြောင့် မှန်နေလဲ



ဘယ်သူတွေများစဉ်းစားမိကြလဲမသိဘူး။ ကွန်ပျူ၊တာလပ်တော့တွေကို Power off လုပ်လိုက်ပေမယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်းအချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေကသူ့အချိန်နဲ့ သူမှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
 

အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary met al oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcon troller, Static RAM တို့အပြင် အခြားသောဆားကစ်တွေ အတွက်လည်း အသုံးပြု ပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲပြောပါမယ်။ CMOS မှာ Energy store လုပ် နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterryလို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆိုအထက်ကပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကိုမပြောင်းလဲ အောင် ထိန်းသိမ်းပေးပြီးအခြားသောကွန်ပြူတာကိုပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကိုဆက်မောင်းပေးပါတယ်။
 

CMOS ဘက်ထရီကိုစက်ရုံကထုတ်ကတည်းကသွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုက လည်းမထင်ရလောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့ ဆိုကွန်ပျူ တာပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပျူ တာရဲ့ 
Time and Date က မှားနေပြီဆိုရင် CMOS ဘက် ထရီပျက်နေပြီသို့မဟုတ် အားကုန်နေပြီဆိုတာကိုသိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပျူ တာဖွင့်တိုင်း CMOS မှာအချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတယ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။
အများအားဖြင့် ကွန်ပျူ တာစဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ် ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။


Ref: hardwarelearning, wiki
Special Trick –

ကွန်ပျူ တာ Time and Date ကိုအမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကိုဝင်လို့ရမရကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်းဆိုဒ် Server များက Client ရဲ့  ကွန်ပျူ တာဟာဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကိုယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှားပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများ စုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။
အားလုံးဗဟုသုတတိုးပွားစေဖို့ မျှဝေပေးလိုက် ရပါတယ်။

Ref; http://www.htarwaiethar.org/
လေးစားစွာဖြင့်
IT-Guide...(N..L..H)

Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???



Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့ ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။
 https://play.google.com/store/apps/details…

Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။ ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။ Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့ AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။

Credit: Min Oke Kar (နည်းပညာမှတ်စု)

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband ရှင်းလင်းချက်



Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband ရှင်းလင်းချက်

The Post Help Share me all U Lay Gyi Users--this Thank a Lot
Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့ သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာ လိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ် အလုပ်လုပ်ပုံ တို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊ စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော် ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ တည်ရှိ မှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ၊ Bootloader ဘယ်လို အလုပ်လုပ် တာလဲ Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader
လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါ ၀င်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ ၀င်တင်မယ်၊ Botloader ရွေးချယ်မှုBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန် အရေးကြီး လှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်။

Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာ သာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြော မှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြ ပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့် ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြား ချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊ Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်း ခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို လုပ်မယ့် အလုပ်ကိုညွန်ကြား ပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ် မှာ ခလစ်တစ် ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊ အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက် အလွန့် အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်။

CWM ဆိုတာဘာလဲ
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊ Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော အလုပ်တွေအများကြီးကို စိတ်ကြိုက် လုပ်နိုင်ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို
ရှာတွေ့နိုင်ပါတယ်။

Firmware နဲ့ ပက်သက်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ် ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal
flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်း တာကို ဆိုလိုပါ တယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေ ကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်။

Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့် အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ် လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင် သွားပါ တယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါ တယ်။
ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို အကြောင်းကြောင့် ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့် တဲ့ ပြင်ဆင်မှူပြု လုပ်ခြင်းမျိုး ပြု လုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊ Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ် အပိုင်း မှာ ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်။

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက် အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက် တည်ဆောက် ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့ စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲ ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတား တစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှူ မရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊ Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊ ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

ဦးအာကာ Software မှပြန်လည်ကူးယူတင်ပြသည်

SIM Card ရဲ့ PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း



မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။
SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ်
Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ရတာပါ....
SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် (2)နှစ်မျိုးရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...

တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim
Card ချိုးထားပြီးတဲ့ Cardအခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီCard အခွံမှာ PUK Code တွေကိုရေးပေးထားပါတယ် ...
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...

အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...

- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code
(၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...

အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြိုက်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

Credit: လင်းဝင်း(နည်းပညာ)

ကွန်ပျူ တာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်



ကွန်ပျူ တာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူ တာကို Restart လုပ်ပါ။


ကွန်ပျူ တာနည်းပညာမျှဝေသူများ post
မှပြန်လည်မျှဝေပါသည်။

သင့်ဖုန်း ပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်း



သင့်ဖုန်း ပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်း
"ပစ္စည်းတစ်ခါပျောက်ရောက်ရင် ငရဲဆယ်ခါရောက်တယ်'' ပျောက်သွားတဲ့ မိမိတို့ ပစ္စည်းဥစ္စာအတွက် ကိုယ်တိုင်လည်း စိတ်သောက ဖြစ်တယ်။ သူတစ်ပါးကို လည်း ပူပန်မှုဖြစ်စေလို့  ငရဲဆယ်ခေါက်ရောက်တာနဲ့  အလားသဏ္ဍာန်တူတာကို ရှေးလူကြီးမှာက အထက်ပါအတိုင်းဆိုခဲ့တာပါ။
ကုသခြင်းထက်ကောင်းတာ ကြိုတင်ကာကွယ်ခြင်းပါပဲ။ မိတ်ဆွေရဲ့ ဖုန်း မပျောက်ဆုံးသေးခင် အောက်ပါ အစီအစဉ်များအတိုင်း ကြိတင်ဆောင်ရွက်ထားပါ။
၁။ *#06# ကို သင့်ဖုန်းမှာနှိပ်ပါ။
၂။နှိပ်ပြီးတဲ့အခါ IMEI number လို့ ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာလိမ့်မယ်။
၃။အဲဒီ နံပါတ်၁၅လုံးကို သင်နှစ်သက်ရာနေရာမှာ ရေးမှတ်သိမ်းဆည်းပါ။ သင့်ဖုန်းပျောက်ဆုံးခဲ့ရင်အဲဒီနံပါတ်၁၅လုံးက ခြေရာခံမှာမို့ ပါ။
၎။အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့  IMEI Number ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း အီးမေးလ် ပို့ ပါ။
၅။ကိုင်ဆောင်ထားသူက သင့်ရဲ့ဖုန်းနံပါတ်ကို လဲလိုက်ပါစေ။ သင့်ဖုန်း(hand set)ဘယ်နေရာမှာ ရှိနေတာကို သင်သိရှိနိုင်အောင် အကြောင်းကြားစာ ပို့ ပေးပါတယ်။

Thursday, 18 December 2014

Samsung ဖုန်းများတွင် ပါဝင်သော S Planner အားအသုံးပြုခြင်း

Samsung ဖုန်းများတွင် ပါဝင်သော

S Planner အားအသုံးပြုခြင်း  

Android OS ဖုန်းတွေဖြစ်တဲ့ Samsung ဖုန်းတွေမှာ ပါဝင်တဲ့ S Planner ကိုဘယ်လို အသုံးပြုနိုင်တယ် ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ S Planner ရဲ့ပုံစံကတော့ ခုလိုမြင်ရမှာ ဖြစ်ပါတယ်။



S Planner ကိုဖွင့်လိုက်ရင်တော့ ခုလိုမျိုး ပြက္ခဒိန်ပုံစံကိုမြင် တွေ့ရပါလိမ့်မယ်။


ဒါကတော့ S Planner စနစ် ရဲ့ Default မြင်ကွင်းတစ်ခုဖြစ်တဲ့ လအလိုက် မြင်ကွင်းဖြစ်ပါတယ်။ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ Month လို့ရေးထားတဲ့ Menu သင်္ကေတလေးကို နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။



ဒါကတော့ မြင်တွေ့ရမယ့် မြင်ကွင်းကို လအလိုက် ဒါမှမဟုတ် နှစ်အလိုက်၊ အပတ်စဉ် အလိုက် နေ့အလိုက် အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် မြင်ကွင်းပုံစံမျိုး ပြောင်းလဲအသုံးပြု နိုင်တဲ့နေရာ ဖြစ်ပါတယ်။ အချို့ Device တွေမှာတော့ ဒီစနစ်ကို Menu နဲ့ ပြထားတာမျိုး မဟုတ်ဘဲ ဘေးမှာလ အလိုက်၊ နှစ်အလိုက်၊ အပတ်စဉ် အစရှိသဖြင့် တစ်ပါတည်း ဖော်ပြပေး ထားတာမျိုးလည်း ရှိပါတယ်။
ပြီးရင်တော့ အပေါ်ထိပ်မှာရှိ နေတဲ့ Today ဆိုတာကို နှိပ်လိုက်ရင်တော့ လက်ရှိနေ့စွဲကို ဖော်ပြ ပေးပါလိမ့်မယ်။ သူ့ဘေးနားမှာရှိ နေတဲ့ အပေါင်းလက္ခဏာ သင်္ကေ တလေးကို နှိပ်လိုက်ပါ။



ဒါဆိုရင်တော့ ခုလိုမျိုး မြင် တွေ့ရပါလိမ့်မယ်။



ဒါကတော့ ကိုယ့်ရဲ့ မှတ်သားမှု Event တစ်ခုကို အွန်လိုင်းပေါ် မှာ ကိုယ့်ရဲ့ အကောင့်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး မှတ်သားထားနိုင်မယ့် နေရာဖြစ်ပါတယ်။ မချိတ်ဆက် ထားချင်ဘူးဆိုရင်လည်း Done ကိုနှိပ်လိုက်ရင် ရပါတယ်။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။



ဒါကတော့ ကိုယ်မှတ်သားချင် တဲ့ Event တစ်ကို စတင်ပြီးမှတ် သားနိုင်မယ့် နေရာဖြစ်ပါတယ်။ စတင်စမ်းသပ်ပြီး မှတ်သားကြည့် ကြပါမယ်။ ထိပ်ဆုံးမှာ မြင်ရတဲ့ Title ဆိုတဲ့ နေရာမှာ ကိုယ်မှတ် သားချင်တဲ့ ပွဲတစ်ခု ဒါမှမဟုတ် မှတ်သားမယ့် အမည်တစ်ခုကို ရေးသွင်းပါ။



ပြီးရင်တော့ Title ရဲ့အောက် မှာရှိတဲ့ Location ဆိုတဲ့နေရာမှာ ကိုယ်မှတ်သားချင်တဲ့ တည်နေရာ တစ်ခုခုကို မှတ်သားနိုင်ပါတယ်။ ဥပမာ S Planner ဆိုတဲ့ Event တစ်ခုဟာ မန္တလေးမှာ ပြုလုပ်မယ့် အရာတစ်ခု ဖြစ်ခဲ့ရင် Location နေရာမှာ မန္တလေးလို့ မှတ်သားနိုင်ပါတယ်။ ဒါကကိုယ့်စိတ်ကြိုက် နေရာကို ဖြည့်သွင်းနိုင်တဲ့နေရာပါ။



ပြီးရင်တော့ အောက်နားမှာ ရှိနေတဲ့ Start ဆိုတဲ့ နေရာမှာ စတင်ပြုလုပ်မယ့် ရက်စွဲနဲ့ အချိန်တွေကို မှတ်သားနိုင်ပါတယ်။ Start ရဲ့အောက်မှာတော့ End ဆိုတာရှိပါတယ်။ End ဆိုတဲ့နေရာမှာ ပြီးဆုံးမယ့် နေ့ရက်နဲ့ အချိန်ကို မှတ်သားနိုင်ပါတယ်။ ပြီးရင်တော့ View More Option ဆိုတာကို နှိပ်လိုက်ပါ။



View More Option ကိုနှိပ် လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။



မြင်ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Reminder ဆိုတဲ့ နေရာကိုနှိပ် လိုက်ရင် နောက်ထပ်စနစ် နှစ်ခုကိုထပ်မံ မြင်တွေ့ရပါ လိမ့်မယ်။



15 Mins Before ဆိုတဲ့နေရာ ကိုနှိပ်လိုက်ရင်တော့ ကိုယ်စိတ်ကြိုက် အချိန်ကိုရွေးချယ် နိုင်ပါတယ်။ ဒီနေရာကတော့  ကိုယ်မှတ်သားတဲ့ပွဲ (သို့မဟုတ်) အကြောင်းအရာ တစ်ခုအတွက် ပြုလုပ်ရမယ့် အချိန်မတိုင်ခင် ဖုန်းကနေ သတိပေးနိုင်မယ့် စနစ်ဖြစ်ပါတယ်။ ကိုယ်က ဒီနေရာမှာ နာရီဝက် (မိနစ် ၃၀) ပေးထားတယ် ဆိုရင် ပြုလုပ်ဖို့ အချိန်မတိုင်ခင် မိနစ် ၃၀ အလိုမှာ ဖုန်းကနေ အလိုအလျောက် Alarm သံမြည်လာပြီး သတိပေးမှာ ဖြစ်ပါတယ်။
နောက်ထပ် တစ်ခုဖြစ်တဲ့ Notification ဆိုတဲ့ စနစ်ကတော့ ကိုယ်ပြုလုပ်ဖို့ မှတ်သားထားတဲ့ အကြောင်းအရာအတွက် ပြုလုပ်ဖို့ အချိန်မတိုင်ခင် Alarm ဖြင့် သတိပေးခြင်းနှင့်အတူ ဖုန်းရဲ့ Notification စနစ်မှာလည်း S Planner မှာ မှတ်သားထားတဲ့ အကြောင်းအရာအတွက် ပြုလုပ်ဖို့ သတိပေးတဲ့ Notification စာပေါ် လာစေဖို့အတွက် ပြုလုပ်ထားနိုင်ပါတယ်။
ဒီစနစ်တွေရဲ့ အောက်မှာရှိနေ တဲ့ Repeat ဆိုတာကတော့ ကိုယ်မှတ်သားထားတဲ့ အကြောင်းအရာ သို့မဟုတ် ပွဲတစ်ခုဟာ နေ့ စဉ်ရှိနေတာလား ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ရွေးချယ်ပေးထား နိုင်ပါတယ်။ ပြီးသွားရင်တော့ အပေါ်ထိပ်ညာဘက် ထောင့်နားမှာ ရှိနေတဲ့ Save ကို နှိပ်လိုက်ပါ။ Save ကို နှိပ်လိုက်တဲ့အခါမှာ ပြက္ခဒိန် ပေါ်မှာရှိတဲ့ ကိုယ်ရွေးချယ် မှတ်သားလိုက်တဲ့ ရက်စွဲနေရာမှာ ခေါင်းစဉ်နာမည်ကို မြင်တွေ့ရပါလိမ့်မယ်။



ဒါဆိုရင်တော့ ကိုယ်ပြုလုပ်ဖို့ ရှိတဲ့ အကြောင်းအရာ တစ်ခုအတွက် မေ့လျော့နေမှာကို စိတ်ပူဖို့ မလိုတော့ဘဲ ဖုန်းကနေ သတိပေး နေနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ကိုယ့်ရဲ့ ပြုလုပ်ဖို့ ရှိနေတဲ့ အကြောင်းအရာတွေနဲ့ အခြားပြုလုပ်ခဲ့ပြီးတဲ့ အရေးကြီး အကြောင်းအရာတွေ အားလုံးကို သိမ်းဆည်း မှတ်သားထား နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အသုံး ပြုပုံစံဟာ ဖုန်းရဲ့အပေါ် ထိပ်မှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကိုနှိပ်ပြီး အသုံးပြုတဲ့ ပုံစံဖြစ်ပါတယ်။ အပေါင်းလက္ခဏာကို မနှိပ်ဘဲ ပြက္ခဒိန်ရဲ့ နေ့စွဲတစ်ခုချင်း စီမှာလည်း လက်နဲ့ထောက်ပြီး နေ့စွဲအလိုက် စိတ်ကြိုက်မှတ်သား ထားနိုင်ပါတယ်။
မှတ်သားထား ပြီးသားနေ့စွဲ တစ်ခုမှာ နောက်ထပ်မှတ်ဖို့ အကြောင်း အရာတစ်ခုခု ထပ်မံရှိခဲ့တယ် ဆိုရင်တော့ ပထမှတ် သားခဲ့လို့ အမှတ်အသား ဖြစ်နေတဲ့ နေ့စွဲကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။



မြင်တွေ့ရတဲ့ Event အမှတ် အသားအကွက်ရဲ့ ညဘက်အပေါ် ထိပ်မှာရှိနေတဲ့ အပေါင်းလက္ခဏာ ပုံလေးကို နှိပ်လိုက်ပါ။ ထပ်မံမှတ်သား နိုင်ဖို့အတွက် အထက်မှာ ဖော်ပြခဲ့သလိုပဲ ခေါင်းစဉ် အကြောင်းအရာ၊ တည်နေရာ၊ နေ့ရက် ၊ အချိန် အစရှိတာတွေကို ဖြည့်စွက်ဖို့ ပေါ်လာပါလိမ့်မယ်။



မှတ်သားမှု ပြီးစီးပြီဆိုရင် Save ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် နေ့စွဲတစ်ခုတည်းမှာ လုပ်ဆောင်ရမယ့် အကြောင်းအရာ နှစ်ခုကိုဖုန်းက သတိပေးနိုင် ပါလိမ့်မယ်။
S Planner ပြက္ခဒိန်ရဲ့ ညာဘက် အပေါ် ထောင့်နားမှာ ရှိနေတဲ့ Menu ကိုနှိပ်ပြီး Setting ထဲကိုဝင် လိုက်ပါ။



Setting ထဲမှာတော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။



Setting ထဲမှာရှိနေတဲ့ Select alerts and notification ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့မှတ်သား ထားခြင်းအတွက် သတိပေးမှုကို Notification ဘားနဲ့ ဖော်ပြစေချင်သလား Alert ဆိုပြီး သတိပေးစေ ချင်လားဆိုတာကို ရွေးချယ်နိုင်ပြီး Select Ringtone ဆိုတဲ့ စနစ်ကတော့ သတိပေး Ring Tone သံကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်မှပြန်လည်ကူးယူတင်ပြသည်။...

Wednesday, 17 December 2014

Facebook - Privacy Setting


Facebook - Privacy Setting
=======================
facebook အသုံးပြု များအားလုံး..မိမိအကောင့်ကို Securityပိုင်းကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်..သိတဲ့သူတွေကတော့ မသိသေးတဲ့သူတွေကို မျှဝေပေးလို့ရတာပေါ့..။အသေးစိတ်သိချင်သူများလည်းလေ့လာလို့ရအောင်ပါ..။
facebook သုံးတဲ့လူအရေအတွက်ဟာ သိသိသာသာကို များပြားလာတာနဲ့အမျှ privacy ချိုးဖောက် မှုတွေဟာလည်း သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ biggrin ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ဓါတ်ပုံတွေတင်လိုက်တာပါပဲ။
ဒါပေမယ့် မသမာသူတွေကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေဟာ မရောက်သင့်တဲ့နေရာတွေ ရောက်ကုန်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ privacy ကို ဘယ်လိုကာကွယ်မလဲ။ အောက်ကအချက်တွေကို မဖတ်ခင် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ဘာလဲဆိုရင် ကိုယ်နဲ့ ပြင်ပလောကမှာ တကယ်သိတဲ့ လူတွေကိုပဲ သူငယ်ချင်းအဖြစ်လက်ခံဖို့ပါ။
Privacy Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က စက်သီးပုံလေးကိုနှိပ်ပြီး settings >>> Privacy ကနေသွားနိုင်ပါတယ်။
1. Who can see your future posts? ဒါကတော့ ကိုယ်နောက်ပိုင်းမှာ တင်မယ့်ပို့စ်တွေကို ဘယ်သူတွေမြင်မလဲဆိုတာ ထိန်းတာ ပါ။ပြင်မယ်ဆိုရင်တော့ Edit ကို နှိပ်ပြီးပြင်နိုင်ပါတယ်။
Public, Friends, Only me, Custom ဆိုပြီး ရွေးချယ်စရာ လေးခုတွေ့မှာပါ။
Custom မှာမှ တစ်ယောက်ချင်းစီကို လိုက်ပိတ်ချင်ရင်လည်း ရပါသေးတယ်။ ကလိကြည့်ကြပေါ့။
2. Review all your posts and things you're tagged in
ဒါကတော့ အထွေအထူးမဟုတ်ပါဘူး။ ကိုယ်တင်ခဲ့သမျှ ပို့စ်တွေ၊ ကိုယ့်ကို tag ထားတဲ့ပို့စ်တွေကို ပြန်ကြည့်ချင်ရင် Use Activity Log ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
3. Limit the audience for posts you've shared with friends of friends or Public?
ဒါကတော့ အရင်တုန်းက Public or Friends of Friends နဲ့တင်ထားတဲ့ပို့စ်တွေ ဓါတ်ပုံတွေအကုန်လုံးကို click တစ်ချက်တည်းနဲ့ Friends only ကို ပြောင်းပေးတာပါ။ အရင်တုန်းက Public နဲ့တင်ထားတာတွေကို မသိတဲ့လူတွေကို မမြင်စေချင်တော့ဘူးဆိုရင် Limit Past Posts >>> Limit Old Posts >>> Confirm ဆိုရင် တင်ခဲ့သမျှ အကုန်လုံး Friends မဟုတ်တဲ့လူတွေ ဝင်ကြည့်လို့ရမှာ မဟုတ်တော့ပါဘူး။
သတိထားရမှာ တစ်ခုကတော့ အရင်အတိုင်း Public ပြန်ပြောင်းချင်ရင်တော့ ပို့စ်တစ်ခုချင်းစီမှာ ပြန်ပြောင်းမှပဲ ရပါမယ်။
4. Who can send you friend requests?
ကိုယ့်ကို ဘယ်သူတွေ friend request ပို့ခွင့်ပေးမလဲဆိုတာ ဆုံးဖြတ်တာပါ။
တစ်ချို့လူတွေဝင်ကြည့်လိုက်ရင် add friend မပါတာ ကြုံဖူးမယ်ထင်ပါတယ်။ ဒီနေရာကနေ ထိန်းထားတာပါ။ Edit ကိုနှိပ်လိုက်ရင် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။
Everyone ဆိုရင်တော့ ဘယ်သူမဆို ကိုယ့်ဆီကို friend requests ပို့လို့ရမှာပါ။
Friends of Friends ဆိုရင်တော့ ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကပဲ ကိုယ့်ဆီကို friend request ပို့လို့ရပါမယ်။ လုံးဝမသိတဲ့လူက ကိုယ့် wall ကို ဝင်ကြည့်ရင် add friend ဆိုတဲ့ button ကို တွေ့မှာ မဟုတ်ပါဘူး။
5. Whose messages do I want filtered into my Inbox?
ကိုယ့်ဆီဝင်လာတဲ့ messages တွေကို စစ်ထုတ်တာပါ။သူ့မှာလည်း ရွေးဖို့ နှစ်ခုရှိပါမယ်။Basic Filtering ဆိုရင်တော့ ဝင်လာသမျှ messages တွေ အားလုံး inbox ထဲကို ရောက်ပါမယ်။ Strict Filtering ဆိုရင်တော့ ကိုယ့် friends တွေက ပို့တဲ့ message တွေပဲ inbox ထဲရောက်ပါမယ်။ ကိုယ်နဲ့မသိတဲ့လူက ပို့တာဆိုရင် Other ဆိုတဲ့အထဲကို ရောက်ပြီးတော့ Notification တက်မှာ မဟုတ်ပါဘူး။
6. Who can look you up using the email address you provided?
ဘယ်သူတွေက ကိုယ့်ရဲ့ email address နဲ့ ကိုယ့်ကို ရှာလို့ရမလဲဆိုတာ ကန့်သတ်ထားတာပါ။
7.Who can look you up using the phone number you provided?
ဒါကတော့ ကိုယ့်ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ရှာတာပါ။
8.Do you want other search engines to link to your timeline?
ဒါကတော့ google, yahoo, bing အစရှိတဲ့ search engine တွေကနေ ကိုယ့်ကို ရှာရင် တွေ့မလား၊ မတွေ့ဖူးလား ထိန်းထားတာပါ။
Credit: ဖေ့စ်ဘုတ်ဆိုင်ရာ နည်းပညာများ
Ref>>> Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း <<<

Facebook Short Key


Facebook Short Key
=====================
အရင်ဆုံး ကိုယ်ရဲ့ browser က ဘယ်ဟာလည်းဆိုတာ အရင်ရွေးပြီး တွဲနှိပ်ရမဲ့ရှေ့ကီးလေးတွေကို မှတ်ထားရပါမယ်။ Key stroke ဆိုတဲ့နေရာမှာ နောက်ထပ်အောက်တစ်ဆင့်မှာ ဖော်ပြထားတဲ့ key လေးတွေကို ထည့်ပြီး ရိုက်ပါနော့။
Internet Explorer for PC : Alt + [key stroke], then
Enter Firefox for PC: Shift + Alt + [key stroke]
Firefox for Mac: CMD + [key stroke]
Safari for Mac: CMD + [key stroke]
Chrome: Ctrl + Alt + [key stroke]
ပြီးရင်တော့ ဒါလေးတွေရော မှတ်ထားပေါ့ ။
/ = Search
0 = Help
1 = Home
2 = Timeline
3 = Friends
4 = Inbox
5 = Notifications
6 = Account Settings
7 = Privacy
8 = About
9 = Terms
c = comment when on a story in your News Feed
j and k = scroll between News Feed stories
l = like or unlike a selected story
m = new message အသုံးဝင်မှာပါ။
ကဲ ! ဖေ့ဘုတ်မှာ နင်ဂျာလေးလို့ ကိုယ်ဖော့ပြီး မြန်ဆန်စွာ သွားနိင်ကြပါပြီနော်
Ref: forbes

Thursday, 27 February 2014

မိမိဘလော့မှာ မိတ်ဆွေဘလော့ကာများ ထားတဲ့နည်းလမ်းလေးပါ

 မင်္ဂလာပါ နော်...သည် နည်းလမ်းလေးကတော့ မိမိဘလော့မှာ  တခြား ကိုယ် ကြိုက်သောမိတ်ဆွေဘလော့များ  အားထည့်ထားနည်းလေးပါ  သည်နည်းလေးကတော့ မိတ်ဆွေ ဘလော့များ မှ တင်သမျှ ပို့စ်များအား နောက်ဆုံးတင်ထားသောပို့စ်လေးကို အပ်ဒိတ် လုပ်ပြသထား
ပါတယ်... သည်နည်းလမ်းလေးကို   C-Box ကနေ တောင်းဆိုထားခြင်းဖြစ်ပါတယ်...
အောက်မှာ အဆင့်ဆင့် လုပ်ဆောင် ချက်နည်းလမ်းလေးကို ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်နော်..
ပထမ အနေနဲ့ ဘလော့ကာ ၀င်လိုက်ပြီး မိမိတို့ ဘလော့ကာရဲ့ Layout ကိုသွားလိုက်ပါ
အောက်ကပုံလို တွေ့မြင်လာရမှာဖြစ်ပါတယ်.. Layout မှာ ရှိတဲ့ Add a Gadget ကိုကလစ်ပါ။
 နောက်ထပ် တွေ့ရမှာကတော့ အောက်က ပုံလေးပါဘဲ.. အဲခါမှာ ပုံထဲကပြထားသလို Blog List ဆိုတာလေးကိုရှာပြီး  ကလစ်ပေးလိုက်ပါနော်..။
နောက် တဆင့် ကတော့ အောက်ကပုံတိုင်းတွေ့လာ မှာဖြစ်ပါတယ်...ပုံလေးထဲကအတိုင်း
Add a Blog To Your List ဆိုတာကို ကလစ်ပေးလိုက်ပါ...။
နောက် ထပ်တွေ့မြင်ရမှာကတော့ အောက်ကပုံလေးဆက်ကြည့်လိုက်ပါ... လင့်ထည့်ဖို့
ဘောက်လေးကျလာပါပြီ  မိမိတို့ ထည့်ထားလိုသော ဆိုဒ်ရဲ့ လိပ်စာကို ထည့်ပြီး အောက်က Add  ကိုကလစ်ပေးလိုက်ပါ...။
အောက်က နည်းလေးဆက်ကြည့်ပါ  သူကတော့ မိမိတို့က ထည့်လိုသော ဆိုဒ်တွေမှာ မန်ဘာဝင်ထားတယ်  ဆိုရင်တော့ လိပ်စာတခုချင်းစီ ထည့်ဖို့မလိုဘဲ တခါတည်း အကုန်ထည့်လို့ရတဲ့နည်းလေးတစ်ခုပါ..ဒါကလည်း ထည့်မည့် ဘလော့မှာ မိမိက မန်ဘာ ဖြစ်နေမှ ရမှာပါ။
ပုံထဲကတိုင်း ကြည့်လိုက်ပါ   မန်ဘာဝင်ပြီးသား ဘလော့ဆိုဒ်တွေကို ထည့်မည်ဆိုပါက အောက်က Blog I'm Following ဆိုတာကိုအမှတ် ပေးလိုက်ပါနော်....ဒါဆို  အောက်က ပုံလေးတိုင်း ကျလာပါမယ်
ဒါဆို မိမိ မန်ဘာ ဆိုတဲ့ Following လိုက်ထားသော ဆိုဒ်များကို ပြသထားမည်ဖြစ်ပါတယ်..
အထဲကမှ  မိမိဘလော့မှာ ထည့်ထားလိုသော ဘေလာ့တွေကို အမှန်ခြစ်ပေးပြီး အောက်ဆုံးက
Add  လုပ်ပေးလိုက်ပါ... အဆင်ပြေပါပြီနော်..
ဘလော့ခရီးသည်ဘလော့မှပြန်လည်ကူးယူတင်ပြပါသည်။

Gmail ကိုအဟက်မခံရအောင် Back Up လုပ်နည်း

ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။

အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။
ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။

1. Settings ကိုသွားပါ။
2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။
3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။
4. ပြီးရင် Save Changes button ကို click လိုက်ပါ။




                    

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။

                    

ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။

အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။

တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။



             

ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။

အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။

ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

http://sofialay.blogspot.com
ဆိုဒ်တခုမှာ တွေ့ရလို့ သူငယ်ချင်းတွေကို ပြန်လည်ဝေမျှလိုက်တာပါ............
အားလုံးပဲအဆင်ပြေကြပါစေနော်..

Popular Posts