အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...

Wednesday 4 February 2015

Windows PC အား အချိန်ဖြင့် Shutdown ပြုလုပ်ရန် သတ်မှတ်ခြင်း



Windows Operating System အသုံးပြု သူများအနေဖြင့် မိမိ PC ကို ညပိုင်းတွေမှာ Download ပြုလုပ်တာပဲဖြစ်ဖြစ် အခြားသော အလုပ်ကိစ္စများအတွက် ခိုင်းစေထားတဲ့ အခါမှာပဲဖြစ်ဖြစ် PC ကို ဖွင့်ထားပြီး ညပိုင်း Auto Shutdown ပြုလုပ်ချင်တဲ့အခါမှာ အခြားသော Third Party Software တွေကို အသုံးမပြုဘဲ Windows Operating System မှာ Built-in ပါဝင်တဲ့ Task-Scheduler ဆို တာနဲ့ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။

Task-Scheduler ကို ဖွင့်ဖို့အတွက် ပထမဆုံး Start Button ကို နှိပ်လိုက်ပါ။ Program Search Box မှာ Task-Scheduler ဆိုတဲ့ Keyword ကို ရိုက်ထည့်ပေးလိုက်ရင် Task-Scheduler ကို အပေါ် ဆုံးမှာ တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ Task-Scheduler ကို တွေ့ ရင် ကလစ်နှိပ်ပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ Task-Scheduler ထဲကို ရောက်သွားပြီဆိုရင် Task Scheduler Library ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် ညာဘက် အခြမ်းမှာရှိတဲ့ Actions Box မှာရှိတဲ့ Create Basic Task ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Create Basic Task ကို နှိပ်လိုက်ရင် Box တစ်ခုထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ Name နေရာ မှာ Auto Shutdown ပြုလုပ်မှာ ဖြစ်တဲ့အတွက် Automatic Shutdown ဆိုပြီး နာမည်ပေးထားရပါမယ်။ Description မှာ မထည့်ပေးလည်း ရပါတယ်။ ပြီးသွားရင် Next Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့် ကတော့ Daily လုပ်မှာလား Weekly လုပ်မှာလား ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ်ပြီး  ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် Next Button ကို နှိပ်ရမှာ ဖြစ် ပါတယ်။ နောက်တစ်ဆင့်ကတော့ ရက်စွဲနဲ့အချိန်ကို သတ်မှတ်ပေးရမယ့် အဆင့်ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့် ကွန်ပျူ တာကို ပိတ်မယ့်အချိန်ကို ရွေးချယ်ပြီး သတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။
 ပြီးသွားရင် Start a Program ကိုရွေးချယ်ပြီး Program Script မှာ Shutdown ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Arguments နေရာမှာ /S/F ဆိုပြီး Argument နှစ်ခုကို ထည့်သွင်းပေး
ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Next Button ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင် Finish ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေ ပြီးသွားပြီဆိုရင် Task Scheduler မှာ Auto Shutdown ပြုလုပ်ဖို့အတွက် လုပ်ငန်းစဉ် တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်း အလုပ်လုပ်ဆောင်နိုင်ရန် အလယ်ဘက်မှာရှိတဲ့ Box မှာ ဖန်တီးထားတဲ့ Automatic Shutdown ဆိုတာကို တွေ့ ရမှာဖြစ်ပါတယ်။ Select မှတ်ပြီး Right Click ပြုလုပ်လိုက်ပါ။ Right Click ပြုလုပ်ပြီးသွားရင် Properties ဆိုတာကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။ Properties Box အတွင်းမှာ Run with highest privileges ဆိုတဲ့နေရာမှာ အမှန်ခြစ်လေး ထည့်ပေးထားရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ Settings ကိုတော့ မိမိနှစ်သက်သလို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်မှပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment

Popular Posts