Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ
windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့
start button မရှိပေမဲ့ အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right
click နှိပ်လိုက်ရင်
အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့ Features တွေကို ဝင်ရောက်လို့ရပါတယ်။
၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ် ဒီ features ကို File
history လို့ခေါ်ပြီးတော့ files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့
အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ကျွန်တော်က Files တွေကို
မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ
အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows မှာ
အလိုလျှောက် enable
မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။
၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window
တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က
ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။
Windows 8 မှာကျတော့ ဒီထက်ပိုပြီးတော့Mix metro desktop လို့ခေါ်တဲ့ weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။
၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.
၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို
ထက်ပြီးတော့ တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library
folder မှာအလိုလျှောက် save ပေးမှာဖြစ်ပါတယ် windows8 ရဲ့ shortcuts 99 ခုကို ဒီမှာ
ဖော်ပြထားပါတယ်။
၆။ Easy Reinstall
Windows 8 မှာပါလာတဲ့ ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့ Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။
ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့ အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။
သစ္စာရပ်ဝန်းဘလော့မှပြန်လည်ကူးယူတင်ပြပါသည်
Subscribe to:
Post Comments (Atom)
Popular Posts
-
မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။ SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ် Beginner တေ...
-
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု...
-
ကွန်ပျူတာ၏ Bit and Byte အကြောင်း Bit Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့ မဟုတ်) electronic informati on storage ၏ အသေးဆုံးသော ...
-
ပန်းးးးးးကိုလိုချင် ရင် ရိုးးးးးးတံကို အရင်ချိုးးရတယ် ဆိုတဲ့ မောင့် ရဲ့ စကား ………… ပန်းးးနှင့် တူသော ကျွန်မ ကို ရိုးးးးးတံနှင့် တူေ...
-
အဖြူ ရောင် ကဗျာ ~~~~~~~~~~ ရောင် စုံ ကာလာ မခြယ်ပါဘူး ဘက်လိုက်လိုမှု မရှိခဲ့ဘူး အဖြူ ရောင်လေးအတိုင်းပါပဲ *** ကမ္ဘာ တစ်ဖက်မှာ လ...
-
မရေရာတဲ့  မနက်ဖြန်ကိုစောင့်မျှော်ရင်း မျှော်လင့်ချက်တွေ ဝေဝါးကုန်တယ် မပြည့်နိုင်တဲ့ ဆုကိုပဲ ဘုရားမှာ အကြိမ်ကြိမ်တောင်းနေမိတယ် ...
-
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို ကျေးဇူးတင်တယ်... မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ... ညခင်းသာတဲ့ လတစ်စင်းကို ကျေးဇူးတင်တယ်... အလင်ြး...
-
အလွမ်းတွေက ပန်းကြွေကျလို နွမ်းလျှနေလည်း လွမ်းရပါတယ်..မေမေ မနက်လည်းလွမ်း ညဆိုလည်းလွမ်း အမေများနေ့ ကိုလွမ်း အမေများနေ့ မဟုတ်လည်း လွ...
-
ချစ်ရတစ်ရက် လွမ်းရက်တစ်ရာနဲ့  နွမ်းရတော့မလား မ ရယ်... ဒဏ်ရာတွေနဲ့ ပေကျန်နေတဲ့  ကျနော့်ကို အပေတေလေးဆိုပြီး ပစ်မထားပါနဲ့  မောင်လေးရဲ ...
-
စောစီးစွာကြွေရှာတဲ့ စပယ်ပန်းမှ သနားကောင်းတာမဟုတ်ပါဘူး တကောင်တည်း အဖော်ကွဲလို့ ဥသြငှက်မှ လွမ်းမောဖွယ်မှကောင်းတာမဟုတ်ဘူး အဖတ္သက္အျ...
No comments:
Post a Comment