Friday, 19 April 2013
"ကျေးဇူးပါ...အတိတ်လေးရယ်"
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
လူးလွန့် အတွေးထက်က
မပီဝိုးဝါး မင်းပုံရိပ်တွေ
မြင်ယောင်တမ်းတခွင့်ရတဲ့အတွက်..
ချစ်ခွင့်ရတဲ့ခဏတာအတွက်
မင်းတစ်ယောက်ကို
ကျေးဇူးတင်တယ်...
ရင်ခုန်ခြင်းရဲ့  ဘာသာစကားတွေ
သိကြားခွင့်ရခဲ့လို့ ...
မဆုံနိုင်တာ ကြမ္မာတရားလို့ 
ငါမပြစ်မတင်ရက်ခဲ့ဘူး
ရနံ့ သင်းသင်း ဒီချစ်ခြင်းမှာ
တွေ့ ဆုံခြင်းက မထင်ကျန်လည်း
ရှင်သန်ဆဲနှလုံးသားနဲ့ 
ရင်ခုန်သံဘာသာစကား
ကာလာတွေခြားသွားပေမဲ့
အလွမ်းရင့်ရင့် ကဗျာအဖြစ်
ပုံရိပ်ယောင်တွေ ကြွင်းကျန်ရစ်ဆဲပါ မေ ...... ။ ။
လေလွင့်လူ(ကမာမြေ)
Subscribe to:
Post Comments (Atom)
Popular Posts
-
Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Numb...
-
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု...
-
သူကတော့ အသုံးပြုသူတို့ကို မျက်စိမှားပြီးဝင်ရောက်လာအောင် Computer Dasktop ပေါ်မှာ Gtalk အစစ်ပုံစံမျိုးနဲ့ တင်ထားတက်ပါတယ်။အဲ့လို Fake Gtalk...
-
ကွန်ပျူ တာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လု ပ်တဲ့အချိန်ကို ကြာစေတယ်လိ...
-
အပေါ်မှာ ပြထားတဲ့ အတိုင်းလေးပါပဲ မျှားလေးတွေကိုကြည့်ပြီးတော့ လုပ်လိုက်တော့နော် အောက်ဆုံးက အကွက် ၃ ကွက်ထဲမှာတော့ အပေ...
-
Website က Video တွေကို download ဆွဲပေးမယ့် app ဖြစ်ပါတယ်။ ဒါလေးကို ကျွန်တော် ရှာနေတာ အတော်ကြာပါပြီ။ video downloader တော်တော်များများက...
-
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို ကျေးဇူးတင်တယ်... မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ... ညခင်းသာတဲ့ လတစ်စင်းကို ကျေးဇူးတင်တယ်... အလင်ြး...
-
ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . . ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိခ...
-
ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင် ငါ့ နှလုံးသားကို ပြန်ကြည့်မှ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး..........


No comments:
Post a Comment