အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label အထွေထွေဗဟုသုတများ. Show all posts
Showing posts with label အထွေထွေဗဟုသုတများ. Show all posts

Wednesday, 28 January 2015

မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ



#‎နေပြည်တော်‬ _ ရန်ကုန် ၂၄၀/၂၅၀ မိုင်
နေပြည်တော် _ မကွေး ၁၆၀ မိုင်
နေပြည်တော် _ မန္တလေး ၁၈၀ မိုင်
နေပြည်တော် _ ညောင်ဦး ၁၈၃ မိုင်
နေပြည်တော် _ တောင်ကြီး ၁၇၄ မိုင်
နေပြည်တော် _ မုံရွာ ၂၆၀ မိုင်
နေပြည်တော် _ တောင်ငူ ၇၅ မိုင်
နေပြည်တော် _ လွိုင်ကော် ၂၅၀ မိုင်
နေပြည်တော် _ ပြည် ၁၅၀ မိုင်
‪#‎ရန်ကုန်‬ _ ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် _ ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် _ ဖဒို ၁၁၅ မိုင်
ရန်ကုန် _ မဒေါက် ၁၁၀ မိုင်
ရန်ကုန် _ ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် _ ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် _ ဖြူး ၁၄၂ မိုင်
ရန်ကုန် _ ဇေယျဝတီ ၁၄၄ မိုင်
ရန်ကုန် _ တောင်ငူ ၁၇၅ မိုင်
ရန်ကုန် _ ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် _ ဆွာ ၂၀၁ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၄၀ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် _ ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် _ မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် _ တောင်သာ ၃၈၁ မိုင်
ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် _ စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် _ မန္တလေး ၄၃၀ မိုင်
ရန်ကုန် _ မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် _ ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် _ ရွှေဘို ၅၀၀ မိုင်
ရန်ကုန် _ တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် _ လားရှိုး ၆၀၅ မိုင်
ရန်ကုန် _ တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် _ လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် _ ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် _ တမူး ၇၂၅ မိုင်
ရန်ကုန် _ မြစ်ကြီးနား ၉၁၉ မိုင်
#ရန်ကုန် _ လက်ပံတန်း ၈၅ မိုင်
ရန်ကုန် _ ပြည် ၁၇၉ မိုင်
ရန်ကုန် _ ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် _ အောင်လံ ၂၂၃ မိုင်
ရန်ကုန် _ ကြံခင်း ၂၄၅ မိုင်
ရန်ကုန် _ မြန်အောင် ၂၅၀ မိုင်
ရန်ကုန် _တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် _ မကွေး ၃၃၁ မိုင်
ရန်ကုန် _ မင်းဘူး ၃၃၂ မိုင်
ရန်ကုန် _ အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် _ ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် _ ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် _ ချောက် ၄၀၈ မိုင်
ရန်ကုန် _ ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် _ ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် _ မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် _ နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် _ တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် _ သံတွဲ ၃၂၃ မိုင်
ရန်ကုန် _ ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် _ စစ်တွေ ၆၃၄ မိုင်
#ရန်ကုန် _ မအူပင် ၅၁ မိုင်
ရန်ကုန် _ အိမ်မဲ ၇၅ မိုင်
ရန်ကုန် _ မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် _ လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် _ ဂွ ၁၄၆ မိုင်
ရန်ကုန် _ ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် _ ရေကြည် ၉၀ မိုင်
ရန်ကုန် _ ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် _ ဟင်္သာတ ၉၆ မိုင်
ရန်ကုန် _ ထူးကြီး ၁၃၃ မိုင်
ရန်ကုန် _ ပုသိမ် ၁၁၅ မိုင်
ရန်ကုန် _ ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် _ ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် _ ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် _ ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် _ ညောင်တုန်း ၃၅ မိုင်
ရန်ကုန် _ ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် _ ဇလွန် ၈၇ မိုင်
ရန်ကုန် _ ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် _ ၀ါးခယ်မ ၉၃ မိုင်
ရန်ကုန် _ ကျုံပျော် ၉၆ မိုင်
ရန်ကုန် _ ရွှေလောင်း ၇၈ မိုင်
ရန်ကုန် _ ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် _ ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် _ လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် _ သာပေါင်း ၁၄၂ မိုင်
#ရန်ကုန် _ ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် _ ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် _ တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် _ ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် _ သထုံ ၁၅၂ မိုင်
ရန်ကုန် _ မုတ္တမ ၁၉၀ မိုင်
ရန်ကုန် _ မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် _ မုဒုံ ၂၀၈ မိုင်
ရန်ကုန် _ သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် _ ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် _ ဘားအံ ၁၈၀ မိုင်
ရန်ကုန် _ သာမည ၂၀၀ မိုင်
ရန်ကုန် _ ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် _ မြ၀တီ ၂၇၉ မိုင်
ရန်ကုန် _ ရေး ၂၈၇ မိုင်
ရန်ကုန် _ ထားဝယ် ၃၉၇ မိုင်
ရန်ကုန် _ မြိတ် ၅၅၀ မိုင်
ရန်ကုန် _ ကော့သောင်း ၇၄၅ မိုင်
‪#‎မန္တလေး‬ _ တောင်ကြီး ၁၃၈/၂၀၄ မိုင်
မန္တလေး _ လားရှိုး ၁၇၅ မိုင်
မန္တလေး _ မူဆယ် ၂၈၈ မိုင်
မန္တလေး _ မိုးကုတ် ၁၁၅ မိုင်
မန္တလေး _ မင်းလှ ၂၅၀ မိုင်
မန္တလေး _ ပြည် ၃၇၃ မိုင်
မန္တလေး _ တောင်ငူ ၂၅၅ မိုင်
မန္တလေး _ ကျောက်ပန်းတောင်း ၁၅၅ မိုင်
မန္တလေး _ မိတ္ထီလာ ၉၆ မိုင်
မန္တလေး _ ပြင်ဦးလွင် ၄၂ မိုင်
မန္တလေး _ ရွှေဘို ၇၀ မိုင်
မန္တလေး _ ရေဦး ၉၅ မိုင်
မန္တလေး _ တန့်ဆည် ၁၁၀ မိုင်
မန္တလေး _ တမူး ၂၉၅ မိုင်
မန္တလေး _ ပုလဲ ၁၁၀ မိုင်
မန္တလေး _ စဉ်ကူး ၆၀ မိုင်
မန္တလေး _ မတ္တရာ ၂၀ မိုင်
မန္တလေး _ ရွေကူ ၂၄၅ မိုင်
မန္တလေး _ ဗန်းမော် ၂၇၀ မိုင်
မန္တလေး _ ထီးချိုင့် ၁၇၀ မိုင်
မန္တလေး _ မြစ်ကြီးနား ၄၈၇ မိုင်
မန္တလေး _ ကသာ ၂၃၀ မိုင်
မန္တလေး _ ကလေး ၂၁၀ မိုင်
မန္တလေး _ တကောင်း ၁၃၀ မိုင်
မန္တလေး _ သပိတ်ကျင်း ၉၀ မိုင်
မန္တလေး _ ငါးအိုး ၂၀၀ မိုင်
မန္တလေး _ ပခုက္ကူ ၁၂၅ မိုင်
မန္တလေး _ ကျောက်ဆည် ၃၀ မိုင်
မန္တလေး _ စစ်ကိုင်း ၁၂ မိုင်
မန္တလေး _ မုံရွာ ၈၀/၈၅ မိုင်
‪#‎ပဲခူး‬ _ တောင်ငူ ၁၂၅ မိုင်
သာယာဝတီ _ ပေါင်းတည် ၆၅ မိုင်
ပေါင်းတည် _ ပြည် ၃၆ မိုင်
ပြည် _ အောင်လံ ၄၄ မိုင်
အောင်လံ _ တောင်တွင်းကြီး ၅၇ မိုင်
တောင်တွင်းကြီး _ မကွေး ၅၁ မိုင်
မကွေး _ ရေနံချောင်း ၃၂ မိုင်
ရေနံချောင်း _ ကျောက်ပန်းတောင်း ၃၄ မိုင်
ကျောက်ပန်းတောင်း _ ပုဂံ ၃၄ မိုင်
ပုဂံ _ မိတ္ထီလာ ၆၀ မိုင်
မိတ္ထီလာ _ မြင်းခြံ ၅၉ မိုင်
မြင်းခြံ _ နွားထိုးကြီး ၂၀ မိုင်
နွားထိုးကြီး _ မြစ်သား ၃၄ မိုင်
မြစ်သား _ ကျောက်ဆည် ၁၈ မိုင်
ကလော _ တောင်ကြီး ၇၂ မိုင်
တောင်ကြီး _ ကျိုင်းတုံ ၁၄၄ မိုင်
ပြင်ဦးလွင် _ သီပေါ ၃၇ မိုင်
သီပေါ _ လားရှိုး ၄၆ မိုင်
လားရှိုး _ သိန္နိ ၃၂ မိုင်
သိန္နိ _ ကွတ်ခိုင် ၁၆ မိုင်
ကွတ်ခိုင် _ မူဆယ် ၅၄ မိုင်
လားရှိုး _ မူဆယ် ၅၄ မိုင်
မူဆယ် _ နမ့်ခမ်း ၁၉ မိုင်
သိန္နိ _ ကွမ်းလုံ ၅၃ မိုင်
မတ္တရာ _ စဉ်ကူး ၂၇ မိုင်
စဉ်ကူး _ သပိတ်ကျင်း ၃၀ မိုင်
ရွှေဘို _ မြစ်ကြီးနား ၄၁၆ မိုင်
မြစ်ကြီးနား _ မြစ်ဆုံ ၂၇ မိုင်
မြစ်ဆုံ _ ဆွမ်ပရာဘွမ် ၉၂ မိုင်
ဆွမ်ပရာဘွမ် _ မချမ်းဘော ၇၂ မိုင်
မချမ်းဘော _ ပူတာအို ၄၁ မိုင်
မချမ်းဘော _ နောင်မွန်း ၄၁ မိုင်
မြစ်ကြီးနား _ မိုးကောင်း ၃၂ မိုင်
ကာမိုင် _ လုံခင်း ၅၁ မိုင်
လုံခင်း _ ဖားကန့် ၇ မိုင်
မြစ်ကြီးနား _ တနိုင်း ၁၂၀ မိုင်
မြစ်ကြီးနား _ မိုးမောက် ၁၀၇ မိုင်
မိုးမောက် _ ဗန်းမော် ၉ မိုင်
စစ်ကိုင်း _ အုန်းတော ၁၅ မိုင်
အုန်းတော _ မြင်းမူ ၂၂ မိုင်
မုံရွာ _ ပခုက္ကူ ၇၂ မိုင်
မုံရွာ _ ကလေးဝ ၁၆၀ မိုင်
မုံရွာ _ ချောင်းဦး ၁၄ မိုင်
မုံရွာ _ ဘုတလင် ၂၁ မိုင်
ဘုတလင် _ စိုင်ပြင် ၁၄ မိုင်
စိုင်ပြင် _ ဒီပဲယင်း ၁၀ မိုင်
ဒီပဲယင်း _ ရေဦး ၉ မိုင်
ရေဦး _ တန့်ဆည် ၁၃ မိုင်
တန့်ဆည် _ ကံထူးမ ၁၁ မိုင်
ကံထူးမ _ ပျဉ်ကိုင်း ၃၈ မိုင်
ပျဉ်ကိုင်း _ ကလေးဝ ၄၅ မိုင်

*** (--- မိုင်/--- မိုင်) ဆိုသည်မှာ လမ်းခွဲများမှ အကွာအဝေးများ ဖြစ်ပါသည်။ ***
# တစ်ချို့အကွာအဝေးများတွင် ခန့်မှန်းမိုင်အရေအတွက်များလည်း ပါဝင်ပါသည်။
မူရင်းလင့်များ ။ ။ http://hninnnuphyoe.blogspot.com/2013/09/blog-post_30.html
http://itsharingyns.blogspot.com/2013_01_27_archive.html?m=1

Monday, 22 December 2014

ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ


ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်ကသူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်ပုံကန်ရန် အစီ အစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်သာရှိသေး၏။
(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ဖြစ်ပါ့ မလား -- လက်နက်ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အားလျော့တတ်ခြင်းမရှိ ``ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ ကျုပ်တို့ကော ဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ``ဟု တွေဝေနေသော သူ၏ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ``ဗမာ့လွတ်လပ်ရေး တပ်မတော်``ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍ တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံရေးလောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို တောင့်တင်းကြီးမားအောင် တည်ဆောက်စည်းရုံးခဲ့၏။

၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေးသမားကြီးများဖြစ်သော ဗြိတိသျှအစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေးဆွေးနွေးနိုင်ခဲ့ ပြောဆိုနိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ်အနယ်အင်အား ပြိုင်အရေးဆိုပြောကြားပြီးနောက် ``တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ်`` ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချတည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။
ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လိုပညာထက်မြက်ခဲ့သည်၊ ဘယ်လိုဆရာသမား တွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

Credit; မောင်လွင်ဟိန်းကို

Wednesday, 17 December 2014

လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား စုဖုရားလတ်


လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား
စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။
အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်
နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့................။
သမိုင်းမှတ်စုများမှကူးယူဖော်ပြသည်!!!!

creat- Thet Soe Htike

ဦးသန့်  - အတ္ထု ပ္ပတ္တိ


ဦးသန့်  - အတ္ထု ပ္ပတ္တိ
၊မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်း တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။
၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိက ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သင်္ချာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦးစားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။
ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော အခါ၊ ဦးသန့် သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superintendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသား ခဲ့သည်။ အင်္ဂလိပ်စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောက ဘာသာပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှားသော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များမှာ Eileen and Rhoda Power တို့၏ Cities and their stories – An Introduction to History ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေးများ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက် ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။
မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ် တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။
၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အတွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီးသည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့် ပတ်သက်သည့် ဟောပြော ပို့ချမှု ပြုလုပ်ခဲ့သည်။
ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှ အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန် သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင်ထုတ်ရန် ဖြစ်သည်။ ရန်ကုန် ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုက သူ၏ ဖဆပလ အဖွဲ့ချုပ် တွင် ပြန်ကြားရေး အရာရှိ လုပ်ပေးရန် ဦးသန့်ကို ခေါ်လေ တော့သည်။
နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့် သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။
သြဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။
၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်းရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။
၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂအထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက် ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ် ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန် လည် ရောက်ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမ္ဘာစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေးအခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာ များကို ကုလ သမဂ္ဂအား ကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့် တင့်အောင် ဆက်ဆံနိုင်သူ အဖြစ် ထင်ရှား ခဲ့သည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ – ၅ဝ ခုနှစ်မှာ လက် နက် ကိုင် တော်လှန်မှု များကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥ ပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏ တာဝန်ပေးချက် အရ၊ ဦးသန့်သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော် လှန် သူများ ဌာနချုပ် ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစား သွားရောက်ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး (မအူပင် ပညာအုပ်ဟောင်း) တို့နှင့် တွေ့ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု မအောင်မြင် ခဲ့ပေ။
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့် စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွား ခဲ့ရသည်။ မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။
ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီ၊ ၁၉၅၇ ခုနှစ် တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။
ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ တက္ကသိုလ် များ က ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။
- Carleton University, Ottawa, Canada (25 May 1962);
– Williams College, Williamstown, Massachusetts (10 June 1962);
– Princeton University, Princeton, New Jersey (12 June 1962);
– Mount Holyoke College, South Hadley, Massachusetts (2 June 1963);
– Harvard University, Cambridge, Massachusetts (13 June 1963);
– Dartmouth College, Hanover, New Hampshire (16 June 1963);
– University of California at Berkeley, California (2 April 1964);
– University of Denver, Denver, Colorado (3 April 1964);
– Swarthmore College, Swarthmore, Pennsylvania (8 June 1964);
– New York University, New York (10 June 1964);
– Moscow University, Moscow, Soviet Union (30 July 1964);
– Queen’s University, Kingston, Ontario (22 May 1965);
– Colby College, Waterville, Maine (6 June 1965);
– Yale University, New Haven, Connecticut (14 June 1965);
– University of Windsor, Windsor, Ontario, Canada (28 May 1966);
– Hamilton College, Clinton, New York (5 June 1966);
– Fordham University, Bronx, New York (8 June 1966);
– Manhattan College, New York (14 June 1966);
– University of Michigan, Ann Arbor, Michigan (30 March 1967);
– Delhi University, New Delhi, India (13 April 1967);
– University of Leeds, England (26 May 1967);
– Louvain University, Brussels, Belgium (10 April 1968);
– University of Alberta, Edmonton, Canada (13 May 1968);
– Boston Unversity, Boston, Massachusetts (19 May 1968);
– Rutgers University, New Brunswick, New Jersey (29 May 1968);
– University of Dublin (Trinity College), Dublin, Ireland (12 July 1968);
– Laval University, Quebec, Canada (31 May 1969);
– Columbia University, New York City (3 June 1969);
– The University of the Philippines (11 April 1970);
– Syracuse University (6 June 1970).
အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။
- Doctor of Divinity, The First Universal Church (11 May 1970);
– Doctor of International Law, Florida International University, Miami, Florida (25 January 1971);
– Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
– Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
– Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).

-
မူရင်း >>>> အတ္ထုပ္ပတ္တိပေါင်းချူပ် - Page

သခင်ဖိုးလှကြီး - အတ္ထု ပ္ပတ္တိ



သခင်ဖိုးလှကြီး - အတ္ထု ပ္ပတ္တိ
အာဠာဝက သခင်ဖိုးလှကြီးသည် တောသူတောင်သား သာမန်မျိုးရိုးမှဆင်းသက်လာသူ ဖြစ်သည်။ ၎င်း၏ ဇာတိမှာ မကွေးခရိုင် သရက်လေးပင်ရွာ ဖြစ်သော်လည်း မိဘအမည်နှင့် မွေးသက္ကရာဇ်ကို အမှတ်အသား မတွေ့ရပေ။ ရေနံမြေသပိတ် စတင်ချိန်က အသက် ၃ဝ ခန့် အရွယ်ရှိသည် ဟု မှန်းဆကာ သခင်ဖိုးလှကြီးကို ၁၉၀၈ ခုနှစ် ဝန်းကျင်တွင် ဖွားမြင်သည်ဟု မှန်းဆကြသည်။
သူသည် ဗြိတိသျှနယ်ချဲ့အစိုးရ လက်အောက် သူ့ကျွန်ဘ၀တွင် ကြီးပြင်းခဲ့ရသောကြောင့် ၀ံသာနုစိတ်ဓါတ် ပြင်းထန်လှပေသည်။ ဖိုးလှကြီး အသက် ၁၄ နှစ်အရွယ်တွင် မြေခွန်ယာခွန် မပေးဆောင်နိုင်သဖြင့် ဖခင်အား ပုလိပ်များက လာရောက်ဖမ်းဆီးသွားကြသည်။ ဤသို့ဖြင့် ဖိုးလှကြီးသည် ငယ်စဉ်ကပင် တိုင်းတစ်ပါးသားတို့၏ အုပ်ချုပ်မှုကို ရွံမုန်းသွားခဲ့သည်။
ဖိုးလှကြီး ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်သာ ပညာသင်ယူခဲ့ရသည်။ ဆရာတော်မှာ ဗိုလ်ချုပ် အောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင်၏ ညာလက်ရုံး တစ်ဆူ ဖြစ်ခဲ့ဖူးသည်။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်တို့က စစ်ပွဲအတွက် စစ်သားများ စုဆောင်းရာ မြန်မာလူမျိုး အများအပြား စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။ ဤတွင် ဆရာတော်က ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းခဲ့၍ စစ်ထဲ လိုက်သွားသည်။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့ ရောက်ခဲ့သည်။
ဖိုးလှကြီးသည် စစ်မြေပြင်တွင် သုံးနှစ်စစ်မှုထမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထို့နောက် ရေနံမြေတွင် အလုပ်ကြမ်းသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင်ရင်း ရေနံမြေ အလုပ်သမားများ ဘ၀နှင့် မျက်နှာဖြူ အရာရှိကြီးများ ဂုတ်သွေးစုတ်နေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
ဖိုးလှကြီးသည် ရေနံမြေ စတို စာရေးကြီး ဦးညီခင်၏ သမီး မညွှန့်နှင့် လက်ထပ်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ရာ သခင်ဖိုးလှကြီး အမည်တွင်ခဲ့သည်။ ၁၉၃၈ မတ်လ ၁၇ ရက်တွင် ရေနံချောင်း လယ်ပေါ်တန်ဆောင်းအတွင်း ပြုလုပ်သည့် အလုပ်သမားပေါင်း ၅ဝဝဝ ကျော် တက်ရောက်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ရေနံမြေအလုပ်သမား အစည်းအရုံးကို တည်ထောင်ရာတွင် သခင်ဘိုးလှကြီးသည် အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။
၁၉၃၈ ခုနှစ်တွင် ရေနံမြေ အလုပ်သမားတို့ နစ်နာချက်များကို တောင်းဆိုရာ ဘီအိုစီကုမ္ပဏီက လိုက်လျောမှု မရှိသဖြင့် ရန်ကုန်မြို့သို့ ချီတက်ဆန္ဒပြတောင်းဆိုရန် ရေနံမြေ သပိတ်တပ်ကြီး၏ ခေါင်းဆောင်အဖြစ် သခင်ဖိုးလှကြီးကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။
၁၉၃၈ နိုဝင်ဘာလ ၃၀ တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သည့် အလုပ်သမား ၂ဝဝဝ ကျော် ပါဝင်သော ရေနံမြေ သပိတ်တပ်မကြီးသည် မိုင် ၄ဝဝ ကျော် ဝေးသော ရန်ကုန်မြို့သို့ ချီတက်စဉ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် မကွေးသို့ ရောက်ပြီး မကြာမီမှာပင် သခင်ဖိုးလှကြီး အဖမ်းခံခဲ့ရသည်။ သို့သော် ကိုဗဆွေ၊ သခင်ဗဟိန်း တို့၏ ရဲရဲတောက် မိန့်ခွန်းကြောင့် အားတက်လာကာ တဗိုလ်ကျ တဗိုလ်တက်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်၌ ဆက်လက်ချီတက်ခဲ့ကြသည်။ သပိတ်တပ်ကြီး နတ်တလင်းမြို့အရောက် ၁၉၃၈ ဒီဇင်ဘာလ ၂၄ ရက်တွင် သခင်ဖိုးလှကြီး ပြန်လည်လွတ်မြောက်ကာ သပိတ်တပ်နှင့် ထပ်မံတွေ့ဆုံပြီး ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခံရသည်။ ထိုအခါ သပိတ်တပ်သားများက “အာဠာဝကကွ” ဟူ၍ အားပေးချီးမြှင့်ရာမှ အာဋ္ဌာဝက သခင်ဖိုးလှကြီး အမည်တွင်သွားခဲ့သည်။
သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေသပိတ်ကြီးသည် ၁၉၃၉ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် ရေနံမြေသပိတ်မှ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးအဖြစ် လူထုလူတန်းစား အလွှာအသီးသီးမှ ပါဝင်လာခဲ့သည်။ ထို့နောက် ၁၉၃၉ မတ်လ ၁၃ ရက်တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သော ရေနံမြေ သပိတ်တပ်မကြီးသည် ဗိုလ်တထောင် ဓနိတော (ဘီအိုစီ)၊ )အိုင်ဘီပီ) ကုမ္ပဏီ ဓါတ်ဆီသိုလှောင်ရေး ဌာနများသို့ ချီတက်ပြီး ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။
ယင်းနောက် ဗြိတိသျှအာဏာပိုင်တို့က သခင်ဖိုးလှကြီးအား ရူးသွပ်သွားပြီဟု ကြေညာလျက် စိတ္တဇဆေးရုံသို့ ပို့လိုက်ကြသည်။ ဆေးရုံမှ ပြန်ထွက်လာချိန်တွင် ရေနံမြေသပိတ်တပ်သားများမှာ ၂ဝဝ ခန့် သာ ရှိတော့၏။ သို့ဖြင့် သခင်ဖိုးလှကြီးသည် စိတ်ပျက်သွားကာ ကိုရင်ကြီးဝတ်သွားလေသည်။
သခင်ဖိုးလှကြီးသည် ကိုရင်ကြီးဘ၀ဖြင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကို ထုတ်ဝေကာ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ငွေရေးအချို့ ရရှိလာသောအခါ စိတ်မလျှော့သေးဘဲ ကိုရင်လူထွက်ပြီး လက်ကျန် သပိတ်တပ်သားများကို ပြန်လည်စုစည်းပြီး သံမဏိသပိတ်တပ်ပြန်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ရွှေတိဂုံစေတီမှ ခြောက်ထပ်ကြီးဘုရား၊ ယင်းနောက် ကိုးထပ်ကြီးဘုရားသို့ ပြောင်းရွှေ့သည်။ သံမဏိ သပိတ်တပ်သားများ တောင်းဆိုချက်များ မရမချင်း သေပွဲဝင်သည်အထိ အစာငတ်ခံတိုက်ပွဲ ဝင်မည်ဟု ၁၉၃၉ ဇွန်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။
ဦးပုညွှန်ပေါင်းအစိုးရက သခင်ဖိုးလှကြီးတို့အား အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁ဝ၊ ထမင်းဖိုး သုံးကျပ် ပေးမည်ဟု ဖျောင်းဖျပြောဆိုခဲ့သည်။ သို့သော် လက်ခ၏မခံခဲ့ပေ။ နောက်ဆုံး ၁၉၃၉ ဇွန်လ ၉ ရက်နေ့တွင် တို့ဗမာအစည်းအရုံး နာယက သခင်ကိုယ်တော်မှိုင်းက ဘာမဟုတ်သည့် ကိစ္စအတွက် အသေမခံရန် ဆုံးမမှ အစာရေစာများ ပြန်လည်စားသောက်ခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့တွင် ရေနံမြေကုမ္ပဏီများဘက်မှ ကတိဝန်ခံချက်များ ရသဖြင့် ရေနံမြေ သပိတ်တပ်သားအားလုံး အညာဆန်သင်္ဘောဖြင့် ရေနံမြေသို့ တပ်ခေါက်ပြန်သွားခဲ့ရာ ၁ နှစ်ခွဲ ကြာမြင့်ခဲ့သည့် ရေနံမြေသပိတ်တိုက်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့သည်။
သခင်ဖိုးလှကြီးသည် အလုပ်ပြန်မ၀င်တော့ဘဲ၊ အလုပ်သမားများ အကျိုးကိုသာ အချိန်ပြည့် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ရေနံမြေ အလုပ်သမားများအား စည်းရုံးကာ လုပ်သားထု လွှတ်တော် ခေါ်ယူရန် သခင်တင်နှင့်အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ကျင်းပရန် နှစ်ရက်အလိုတွင် သခင်ဖိုးလှကြီးတို့အဖွဲ့ ထိန်းသိမ်းခံခဲ့ရသည်။ သခင်ဖိုးလှကြီးကို မြစ်ကြီးနားမှတဆင့် ဗန်းမော်ထောင်သို့ ပေးပို့ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသောဘီအိုင်အေတပ်များဝင်ရောက်လာချိန်မှ လွှတ်မြောက်သွားခဲ့သည်။
သခင်ဖိုးလှကြီးသည် ဂျပန်ခေတ်တွင် ဗန်းမော်မြို့ အုပ်ချုပ်ရေးမှူး တာဝန်ပေးအပ်ခြင်း ခံရသည်။ ဂျပန်ခေတ် တလျှောက်လုံးတွင် အလုပ်သမားရေး ကိစ္စကိုသာ ဆောင်ရွက်ခဲ့သည်။ သခင်ဖိုးလှကြီးသည် မကြာမီ အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ပြီးရေနံမြေသို့ပြန်ခဲ့ရာချောက်မြို့တွင်အုပ်ချုပ်ရေး တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
ထို့နောက်ကျန်းမာရေးအခြေအနေဆိုးရွားလာရာရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တက်ရောက် ကုသနေရာ မှ ၁၉၄၃ ခု စက်တင်ဘာလ ၂၅ ရက်နေ့တွင် သခင်ဖိုးလှကြီးသည် ဝမ်းဗိုက်အတွင်း ကင်ဆာ (Retro peritoneal Sarcoma) ရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့လေသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးချုပ် သခင်မြ၊ ဝန်ကြီး သခင်သန်းထွန်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် နေဝင်းတို့ ကြီးမှူး၍ သခင်ဖိုးလှကြီး ရုပ်ကလာပ်ကို ညနေ (၃း၀၀) နာရီတွင် ကြံတောသုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ သားဖြစ်သူ မောင်အောင်သန်း ကျန်ရစ်ခဲ့သည်။
_
မူရင်း >>>> အတ္ထုပ္ပတ္တိပေါင်းချူပ် - Page

ဗိုလ်ချု ပ်အောင်ဆန်းအတ္ထု ပ္ပတ္တိ


ဗိုလ်ချု ပ်အောင်ဆန်းအတ္ထု ပ္ပတ္တိ
၁၉၁၅ ခုနှစ် ဖေဖဝါရီလ ၁၃ ရက် စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စု တို့မှ အောင်းဆန်းကလေးကိုမွေးခဲ့သည်။
အောင်ဆန်းကလေး၏ အဖိုးဦးမင်းရောင်သည် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်သီပေါမင်းပါတော်မူသောအခါက နတ်မောက်မြို့ သူကြီးဖြစ်၏။ မြို့သူကြီးဦးမင်းရောင်သည် အင်္ဂလိပ်တို့မြန်မာပြည်ကိုသိမ်းပိုက်သောအခါ "သူကျွန်မခံလိုသောစိတ်" ဖြင့် ရွှေလရောင်အမည်ခံကာ အင်္ဂလိပ်တို့အား ပုန်ကန်တော်လှန်ခဲ့သူဖြစ်သည်။
အောင်ဆန်းလေး ငါးနှစ်သားအရွယ်မှာ မြန်မာပြည်၌ ပထမကျောင်းသားသပိတ်ကြီးပေါ်ပေါက်၍ ဝံသာနု (အမျိုးသား) စိတ်ဓါတ်စတင်ထွန်းကာအခါဖြစ်သည်။။ ထိုစဉ်ကစ၍ အောင်းဆန်းသည် မိခင် ဒေါ်စုထံမှ အဖိုးဦးမင်းရောင်၏ ကျွန်မခံလိုစိတ်၊ အမျိုးသားစိတ်ဓါတ် လှုပ်ရှားမှု အခြေအနေ အကြောင်းတို့ကို ကြားသိခွင့်ရခဲ့၏။

တက္ကသိုလ် ကျောင်းသားကိုအောင်ဆန်း
အောင်းဆန်း၏ဘဝကို အထင်းအရှားမှတ်တမ်းတင်ရမည့် အစိတ်အပိုင်းသည် တက္ကသိုလ်ကျောင်းသားဘဝဖြစ်သည်။
၁၉၃၂ ခုနှစ် ဇွန်လတွင် ကိုအောင်းဆန်းတက္ကသိုလ်ကျောင်းသားအဖြစ် တက္ကသိုလ်သို့ရောက်လာခဲ့သည်။ သူ စတင်နေထိုင်ရာကျောင်းဆောင်ခန်းသည် ပဲခူးကျောင်းဆောင်အောက်ဆုံးထပ်ရှိ အခန်းတခန်းဖြစ်သည်။ (ကိုယ့်ညီအကိုများ သွားကြည့်ကြလော၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့)
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းသည် အခြားသောကျောင်းသားများနည်းတူ အဖေါ်အပေါင်းနှင့် ပျော်ပါး၍မနေတတ်။ သစ်သစ်လွင်လွင် တောက်တောက်ပပလည်းမဝတ်။ ထိုခေတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ဂုဏ်ပကာသန မျိုးကို သူမဆင်ယင်။ သူဖတ်ချင်သောစာအုပ်ကိုသာ တကုပ်ကုပ်ဖတ်၍ အခါမလပ် လေးနက်စွာတွေးတောနေထိုင်ခဲ့၏။ တခါတရံမူ သူ့နှုတ်ဖျားမှ မြန်မာပြည် "နိုင်ငံရေးဖြင့် အကျိုးနဲပါပြီး" ဟု ရေရွတ်နေတတ်၏။
ထိုအချိန်က မြန်မာပြည်နိုင်ငံရေးအခြေအနေမှာ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာပေါ်ပေါက်နေ၏။ ထိုပြင် တကမ္ဘာလုံးစီးပွားရေးညံ့ဖျင်းမှုကြောင့် မြန်မာပြည်စီးပွားရေးအခြေအနေလည်း ကျပ်တည်း၍ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အဖို့ ပညာသင်ရေးပင် အခက်အခေဲတွေ့ကြုံနေရသော အခါဖြစ်လေသည်။ကိုအောင်ဆန်းသည် ယင်းသို့ ပြည်ထဲရေးနှင့်ဝမ်းရေး အရှုပ်အထွေးများအကြားမှာပင်နီုင်ငံရေး စိတ်ဝင်စားမှုပိုမိုကြီးမားလာခဲ့ရသည်။
ထိုအတောအတွင်း မှာပင် ကိုအောင်ဆန်း၏တက္ကသိုလ်သက်တမ်းနှစ်နှစ်ကုန်၍ ဥပစာတန်းအောင်မြင်ခဲ့သည်။ ထိုအခါ ပထမနှစ် ဝိဇ္ဇာတန်းသား ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသား သမဂ္ဂအမူဆောင်လူကြီး ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံလေသည်။ သို့သော် ကိုအောင်ဆန်း အနိုင်မရခဲ့ပေ။ ကိုအောင်းဆန်း ဝိဇ္ဇာအထက်တန်းကျောင်းသားဖြစ်သောနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက်အရွေးခံပြန်၍ တက္ကသိုလ်ကျောင်းသား အမူဆောင်ဖြစ်လာသည်။
(ဗိုလ်ချုပ်လိုလူတောင် တစ်ခါတည်း အောင်ပွဲရသည်မဟုတ် ညီငယ် ညီးမငယ်များ စိတ်ဓါတ်ဘယ်တော့မှ မပျက်လေနှင့် ထပ်တလဲလဲ အားထုပ်ပါလော)
ထိုနှစ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုနု (ယခု ဝန်ကြီးချုပ်ဦးနု) ဖြစ်သည်။
ကိုအောင်ဆန်းသည် သမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော အိုးဝေ စာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။အိုးဝေစာစောင်၌ တက္ကသိုလ်အာဏာပိုင်အရာရှိပိုင်းမှ ကိုယ်ကျင့်တရားဖေါက်ဖျက်နေသူတဦးအကြောင်း ဆောင်းပါးတစောင်နှင့်ပတ်သက်၍ တက္ကသိုလ် ကျောင်းအုပ်ကြီးက ကိုအောင်ဆန်းကို အရေးယူလေသည်။ ဥက္ကဋ္ဌ ကိုနုအားလည်း နိုင်ငံရေး မလုပ်ရဟု တားမြစ်၏။ ထို့နောက် သမဂ္ဂဥက္ကဋ္ဌ ကိုနုနင့် အိုးဝေးစာတည်း ကိုအောင်ဆန်းတို့အား ကျောင်းမှ ထုပ်လိုက်လေသည်။
ထိုအခါ ကျောင်းသားတို့ကလည်း သပိတ်လက်နက်ကိုစွဲကိုင်၍ အာဏာပိုင်တို့အား ပြန်လည်ကန့်ကွက်ကြရာ ၁၉၃၆ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့လေသည်။
နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း
၁၉၃၆ခု ကျောင်းသားသပိတ်မှစ၍ ကိုအောင်ဆန်း၏အမည်သည် ထင်းရှားလာ၏၊ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သို့ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် (ယခုအခါ အိန္ဒိယပြည်ဝန်ကြီးချုပ်) ပဏ္ဍစ်နေရူးရောက်လာခဲ့ရာ မိမိတို့နိုင်ငံအသီးသီး လွတ်လပ်ရေးရရှိမှုပြဿနာများကို ဆွေးနွေးခဲ့ကြ၏။
၁၉၃၈ ခုနှစ်တွင် ကိုအောင်းသည် ဝိဇ္ဇာတန်းအောင်ပြီး ဥပစာတန်းသားအဖြစ် တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရာထူး နှစ်ရပ်လုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် များမကြာမီမှာပင် ကျောင်းမှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့လေသည်။ ထိုအခါမှစ၍ ကိုအောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘဝမှ သခင်အောင်ဆန်းဘဝသို့ ရောက်လာခဲ့လေတော့သတည်း။
သခင်အောင်ဆန်း
သခင်အောင်းဆန်းဘဝနှင့် အိန္ဒိယပြည် ရမ်းဂါးကွန်ဂရစ် အစည်းအဝေးသို့လည်းတက်ရောက်ခဲ့၏။ ၁၉၃၉ ခုနှစ်တွင် သူနှင့်လုပ်ဖေါ်ကိုင်ဘက်များကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးသောအချိန်တွင် သခင်အောင်းဆန်း သည် တိမ်းရှောင်နေခဲ့၏။ ၁၉၄၀ ခုနှစ် ဇါန်လ ၂၉ ရက်နေ့တွင် ဇလွန်မြို.၌ တရားဟောပြောရာ ရာဇဝတ်တရားသူကြီးက သခင်အောင်ဆန်းကို ဖမ်းရန် အမိန့်ထုတ်ပြီး ဖမ်းဆီးမိလျင် ဆုငွေ ၅ိ ပေးမည်ဟု ကြော်ငြာခဲ့၏။။ ထိုအခါ ကျောင်းသားများနှင့် ပြည်သူလူထုကပါ သခင်အောင်ဆန်း၏ ဂုဏ်ကို စော်ကားရာရောက်သည်ဟု ကန့်ကွက်သဖြင့် ဆုငွေ ၅ိ နှင့်တကွ အမှုကိုပါ ပိတ်လိက်ရ၏။ ထိုအချိန်၌ သခင်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းမှ တိမ်းရှောင်နေရင်း နိုင်ငံလွတ်လပ်ရေးကို ကြံဆနေခဲ့၏။ ၁၉၄၀ ခုနှစ် သြဂုတ်လတွင် သခင်းအောင်ဆန်းသည် လျိုဝှက်ရုပ်ဖျက်ကာ ဂျပန်ပြည်သို့ ထွက်ပြေးခဲ့၏။ ဂျပန်ပြည် တွင် ဂျပန်စစ်ဗိုလ်ကာနယ် ဆူဇူကီး နှင့် တွေဆုံဆက်သွယ်ပြီး မြန်မာပြည်မှ အခြားရဲဘော်များကိုပါ တိတ်တဆိတ် ပြည်ပသို့ ခိုးထုတ်ကာ တိုကျိုမြို.၌ "ရဲဘော်သုံးကျိတ်" စတင်ဖွဲ့စည်းလိုက်၏။
ဗိုလ်တေဇ
ထို့နောက် သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဟိုက်နန်းကျွန်း၌ စစ်ပညာများ သင်ကြားပြီး ယိုးဒယားသို့လာခဲ့ကြ၏။ ယိုးဒယား၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းကာ မြန်မာပြည်တွင်းသို့ မဲဆောက်မှတစ်ကြောင်း မြစ်တာမှတစ်ကြောင်း ကော့သောင်မှတစ်ကြောင်း စစ်သုံးကြောင်းဖြန့်ကာ ချီတက်လာခဲ့၏။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်၌ သခင်အောင်ဆန်းသည် ဗိုလ်တေဇအမည်ခံကာ စစ်ဦးစီးချုပ်တာဝန်ယူခဲ့၏။
တော်လှန်ရေးနေ့
ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်တေဇအမည်ခံ ဗိုလ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော် ကြိးကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် အမည်မှည့်ခေါ်စေ၏။ ၁၉၄၃ ခုနှစ် သြဂုတ်လ တစ်ရက် နေ့တွင် ဂျပန်တို့က မြန်မာပြည်အား အယောင်ဆောင်လွတ်လပ်ရေး ပေး၍ ဒေါတ်တာဘမော်ဦးစီးသော အစိုးရအဖွဲ့၌ ဗိုလ်အောင်ဆန်းကို စစ်ဝန်ကြီး ရာထူးပေး၏။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဖို့မှာမူ မြန်မာပြည်ကို လုံးဝမသိမ်းရမီကပင် ဂျပန်တို့၏ ဆိုးရွာယုတ်မာမူများကို စက်ဆုပ်ရွှံ့ရှာသဖြင့် ဂျပန်တို့အား ပြန်လည်းတော်လှန်ရန် အခွင့်ကောင်းကို စောင့်လင့်နေခဲ့၏။ ဂျပန်တို့၏ ဖိနှိပ်မှု ရက်စက်မူများကြီးမာလာသည့်အလျောက် တော်လှန်ရေးစိတ်ဓါတ်များလည်း ပြင်းထန်လာရာ၁၉၄၅ ခု မတ်လ ၂၇ ရက်နေတွင် ဗိုလ်ချုပ်သည် သူ၏တပ်မတော်သားအားလုံးအား ဂျပန်တို့ကို တော်လှန်ရန် အမိန့်ခုတ်လိုက်လေသည်။ ထိုအခါမှစ၍ ဂျပန်တော်လှန်ရေး ကြီးအစပြုခဲ့လေသည်။
ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်တို့အား တော်လှန်ပြီးသည့်နောက် မြန်မာပြည်ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ကြ၏ ထိုအခါ ဗိုလ်ချုပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြိးကိုတည်ထောင်ကာ အင်္ဂလိပ်အစိုးရထံမှ မြန်မာနိုင်ငံလုံးဝ လွတ်လပ်ရေးကို တောင်းဆိုလေတော့သည်။
ဗိုလ်ချုပ်သည် ပထမဦးဆုံး ဖဆပလ ဥက္ကဋ္ဌကြီးအဖြစ် လွတ်လပ်ရေးတောင်းဆိုရာတွင် အင်္ဂလိပ်တို့ကလည်း အမျိုးမျိုးအဖုံဖုံ ပရိယာယ်ကိုသုံး၍ နေကြ၏။ ထိုအချိန်က အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဖဆပလ အဖွဲ့ကြီးကို အပေါ်ယံလိုလားဟန်ပြ၍ တကယ်တမ်း၌ ပစ်ပယ်ခဲ့သဖြင့် တိုင်ပြည်အုပ်ချုပ်ရေး မနိုင်မနင်းဖြစ်ကာ ဘုရင်ခံအသစ် ဆာဟူးဗတ်ရန့်အား ရာထူးလွဲပြောင်းပေးရလေသည်။ ထိုအခါ ဘုရင်ခံ ဆာဟူးဗတ်ရန့်က ဖဆပလ အားအစိုးရဖွဲ့စေ၏။ ၁၉၄၆ ခုနစ်တွင် ဖဆပလ အဖွဲ့သည် အစိုးရဖြစ်လာ၏။ သို့သော်လည်း လွတ်လပ်သော အချုတ်အခြာအာဏာပိုင် အစိုးရအဖြစ် မရောက်သေးပေ။ ထို့ကြောင်ဗိုလ်ချုပ်ခေါင်းဆောင်သော ဖဆပလ အဖွဲ့က မြန်မာနိုင်ငံကို အာဏာလွဲပြောင်းမပေးလျင် ရှေခြေတစ်လမ်းတိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြွေးကြော်လိုက်ရာ အင်္ဂလန် အစိုးရအဖွဲ၌ပင် ပြဿနာပေါ်ရလေတော့သည်။ ထို့နောက် ဗိုလ်ချုပ်အပါအဝင် ကိုယ်စလှယ်ခြောက်ယောက်တို.ကို အင်္ဂလန်သို့ခေါ်၍ လွတ်လပ်ရေးပေးရန် ဆွေးနွေးရလေသည်။
ညီညွတ်ရေး ခေါင်းဆောင်ဗိုလ်ချုပ်
ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုဆောင်ရွက်ရာ၌ အင်္ဂလိပ်တို့၏ နယ်ချဲ့ပရိယာယ်ကို အခါမလပ် သတိထားသည် အင်္ဂလိပ်သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးစေကာမှု တောင်တန်းဒေသ လူမျိုးစုများကို ဆက်လက်သိမ်းပိုက်ထားလို၏ သို့အတွက် ပြည်ထောင်စု စိတ်ဝမ်းကွဲရေးကို ပြုလုပ်ဆောင်ရွက်မည့်သဘောကို ဗိုလ်ချုပ် ဆင်ခြင်မိသည် ထိုကြောင့် ဗိုလ်ချုပ်သည် တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ ရှမ်း ကချင် ကရင် ကယား ချင်းတိုနှင့် ညီညွတ်ရေးရရှိရန် ဆောင်ရွက်ခဲ့၏။ယင်းသို့ ပြည်ထောင်စု ညီညွတ်ရေးအတွက် ၁၉၄၇ ခု နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်၌ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပင်လုံကွန်ဖရင့် ကြီးခေါ်ဆိုကာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအခါမှစ၍ ပြည်ထောင်စုနေ့ဟူ၍ ပေါ်ပေါက်ခဲ့ပေသည်။
လွတ်လပ်ရေး အဓိဋ္ဌာန်
ထို့နောက် ဗိုလ်ချုပ်သည် အင်္ဂလန်သို့သွား၍ အင်္ဂလန်အစိုးရနှင့် လွတ်လပ်ရေးရရှိရန် ဆွေးနွေးခဲ့၏။ တစ်နှစ်အတွင် လွတ်လပ်ရေးရရမည် ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်ပြုလွတ်တော်ရွှေးကောက်ပွဲ၌ ဝင်ရောက်အရွှေးခံရာ ဗိုလ်ချုပ်၏ ဖဆပလ အဖွဲ့သည် လူထုတစ်ရပ်လုံး၏ ထောက်ခံမူကို ရရှိခဲ့ပေသည်။
ဗိုလ်ချုပ်၏ အိမ်ထောင်စု
ဗိုလ်ချုပ်သည် ၁၉၄၂ ခုနှစ်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် သ္မီးနှစ်ယောက်ဖွားမြင်ခဲ့၏။သို့သော် အငယ်ဆုံးသ္မီးထွေးမှာ ဗိုလ်ချုပ်လွတ်လပ်ရေး ကြိုးပမ်းနေဆဲ့မှာပင် ကွယ်လွန်ဆုံးပါးခဲ့ရှာ၏။
ထိုကြောင့် ဗိုလ်ချုပ်ကွယ်လွန်သောအခါ သားနှစ်ယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့လေသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်
၁၉၄၇ ခုနစ် နှစ်ဝက်ကျိုးသောအချိန်တွင် ဗိုလ်ချုပ်ကြိုးပမ်းသော လွတ်လပ်ရေး အောင်ပန်းကို ရလုဆဲ အခြေအနေသို့ ဆိုက်ရောက်လာ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ရအံ့ဆဲလွတ်လပ်ရေး ကြီးအတွက် အားတက်ခါ မြန်မာနိုင်ငံကြီးရှေရေးကို သူ၏ဝန်ကြီးအဖွဲ့နှင့် အခါမလပ် တိုင်းပင်ဆွေးနွေး စီစဉ်ခဲ့ပေသည်။ယင်းသို့ ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ သခင်မြ မန်းဘခိုင် မိုင်းပွန်စော်ဘွား ဦးဘချို ဦးဘဝင်း မစ္စတာရာဇတ် တို့သည် တိုင်းပြည်အကျိုးကို သယ်ပိုးနေစဉ်မာ ၁၉၄၇ ခုနစ် ဇူလှိုင်လ ၁၉ ရက်နေ့တွင် လူသတ်သမားတို့၏ လက်ချက်ဖြင့် အနိစ္စ ရောက်ခဲ့ကြရလေသတည်း။
မူရင်း >>>> အတ္ထုပ္ပတ္တိပေါင်းချူပ် - Page

မှားလေ့မှားထရှိသောအမှားများ

မှားလေ့မှားထရှိသောအမှားများ
====================
-Thank လို့တစ်လုံးတည်းပြောချင်ရင် (S) ထည့်ပါ။ “Thanks”
-Thanks you လို့မရှိပါ။ “Thank you”ပါ။ (S)မထည့်ရပါ။
-Thank for ……..လို့မရှိပါ။ “Thanks for…………..” ပါ။
-Thank you လို့သူများကပြောတိုင်း “You are welcome”လို့ပဲမသုံးပါနဲ့။
အခြေအနေနဲ့အချိန်အခါအရ No problem, Don’t mention it,
My pleasure, No worries လို့ပြောင်းပြောသင့်ပါတယ်။
ဥပမာသင်က သူတောင်းစားတစ်ယောက်တွေ့လို့
ပိုက်ဆံအကြွေထည့်လိုက်တယ် ဆိုပါစို့။ သူက Thank you
လို့ပြောရင်တော့ ” You are welcome” မသုံးသင့်ပါဘူး။
“No worries” ကပိုသင့်တော်ပါတယ်။
-Congratulation! လို့မပြောပါ။ ” Congratulations”! ပါ။
-Yeah,Yep,Ya ကိုသူငယ်ချင်းတွေနဲ့သာသုံးပါ။
အထက်လူကြီး၊အင်တာဗျူးသူတွေနဲ့ပြောရင် “Yes”ကိုသုံးပါ။
-wanna,gonna,gotta, taboo slang, informal words များ
အင်တာဗျူးအခန်းထဲမှာမပြောပါနဲ့။
-သတို့သမီးကို “Congratulations!” လို့ပြောတာရိုင်းပါတယ်
(ကောင်မလေးကကြိုးစားပမ်းစားနဲ့ ကောင်လေးကိုရအောင်ယူထားတဲ့ပုံ
ပေါက်နေပါတယ်)
-သတို့သမီးကို Best Wishes လို့ပြောပြီး သတို့သားကို
“Congratulations” လို့ပြောပါတယ်။
creat - မိုးရှင်း (I.M.T)

Popular Posts