အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...

Wednesday 17 December 2014

မှားလေ့မှားထရှိသောအမှားများ

မှားလေ့မှားထရှိသောအမှားများ
====================
-Thank လို့တစ်လုံးတည်းပြောချင်ရင် (S) ထည့်ပါ။ “Thanks”
-Thanks you လို့မရှိပါ။ “Thank you”ပါ။ (S)မထည့်ရပါ။
-Thank for ……..လို့မရှိပါ။ “Thanks for…………..” ပါ။
-Thank you လို့သူများကပြောတိုင်း “You are welcome”လို့ပဲမသုံးပါနဲ့။
အခြေအနေနဲ့အချိန်အခါအရ No problem, Don’t mention it,
My pleasure, No worries လို့ပြောင်းပြောသင့်ပါတယ်။
ဥပမာသင်က သူတောင်းစားတစ်ယောက်တွေ့လို့
ပိုက်ဆံအကြွေထည့်လိုက်တယ် ဆိုပါစို့။ သူက Thank you
လို့ပြောရင်တော့ ” You are welcome” မသုံးသင့်ပါဘူး။
“No worries” ကပိုသင့်တော်ပါတယ်။
-Congratulation! လို့မပြောပါ။ ” Congratulations”! ပါ။
-Yeah,Yep,Ya ကိုသူငယ်ချင်းတွေနဲ့သာသုံးပါ။
အထက်လူကြီး၊အင်တာဗျူးသူတွေနဲ့ပြောရင် “Yes”ကိုသုံးပါ။
-wanna,gonna,gotta, taboo slang, informal words များ
အင်တာဗျူးအခန်းထဲမှာမပြောပါနဲ့။
-သတို့သမီးကို “Congratulations!” လို့ပြောတာရိုင်းပါတယ်
(ကောင်မလေးကကြိုးစားပမ်းစားနဲ့ ကောင်လေးကိုရအောင်ယူထားတဲ့ပုံ
ပေါက်နေပါတယ်)
-သတို့သမီးကို Best Wishes လို့ပြောပြီး သတို့သားကို
“Congratulations” လို့ပြောပါတယ်။
creat - မိုးရှင်း (I.M.T)

No comments:

Post a Comment

Popular Posts