အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label yin yin. Show all posts
Showing posts with label yin yin. Show all posts

Wednesday, 28 January 2015

ပန်းခူးသူ ဆူးစူးပါစေ မောင်



ပန်းးးးးးကိုလိုချင် ရင်
ရိုးးးးးးတံကို အရင်ချိုးးရတယ် ဆိုတဲ့
မောင့် ရဲ့ စကား …………
ပန်းးးနှင့် တူသော ကျွန်မ ကို
ရိုးးးးးတံနှင့် တူသော မောင် က
အနာခံချင်းခံ မောင် သာလျှင် ခံမည်ဆိုလာသူ
အမြဲလန်းဆန်းတဲ့ ပန်းတစ်ပွင့်အဖြစ်
မြင်ချင်သူ မောင့် အတွက်
ကျွန်မ စကား တစ်ခွန်းဆိုချင်ပါတယ်
ပန်းခူးသူ ဆူးစူးပါစေ လို့***
yy

Thursday, 25 December 2014

ခေါင်းစဉ်မဲ့ ကဗျာ


ခေါင်းစဉ်မဲ့ ကဗျာ
~~~~~~~~~~
တစ်ခက်ချိုး နှစ်ခက်ချိုးနဲ့
နောက်ဆုံးတော့လည်း
ပင် စည်ပါ မချန် အမြစ်ပါလှန်
အမျိုးဖြုတ်မလို့လား ????

လူသားထဲက လူတစ်ဦးမို့
လူလူချင်းတွေး လူစိတ်မွေးလို့
အကြင် နာ တရားရှေ့တန်းထား
မေတ္တာပွားနိုင်ကြပါစေ****
yy

အဖြူ ရောင် ကဗျာ


အဖြူ ရောင် ကဗျာ
 ~~~~~~~~~~
ရောင် စုံ ကာလာ မခြယ်ပါဘူး
ဘက်လိုက်လိုမှု မရှိခဲ့ဘူး
အဖြူ ရောင်လေးအတိုင်းပါပဲ ***
ကမ္ဘာ တစ်ဖက်မှာ လင်းဖို့
ကမ္ဘာ တစ်ခြမ်းက မှောင်ပေးရတယ်
လူတစ်ချို့ တစ်ချို့ ကောင်းစားဖို့အတွက်
တစ်ချို့ တစ်ချို့ သော သူတွေက
ပေးဆပ်နေရတယ် ***ဲ
မပြောလိုဘူး ဘာမှ မပြောချင်ပါဘူးလေ
ဘာသာ တရားနဲ့သာတွေး
သံသရာသည် လည်နေစမြဲမို့
တုံ့လှည့်မပြန်လေနဲ့ မေတ္တာထားလေ
အို~~~~~~မိတ်ဆွေ
တစ်နေ့ ရောင်ပြန်ဟပ် မည်လေ
ငြိမ်းချမ်းပါစေလေ ***
yy

Popular Posts