အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label ဖိုးခွားလေး. Show all posts
Showing posts with label ဖိုးခွားလေး. Show all posts
Friday, 15 February 2013
မမ
ချစ်ရတစ်ရက် လွမ်းရက်တစ်ရာနဲ့ 
နွမ်းရတော့မလား မ ရယ်...
ဒဏ်ရာတွေနဲ့ ပေကျန်နေတဲ့  ကျနော့်ကို
အပေတေလေးဆိုပြီး ပစ်မထားပါနဲ့ 
နောက်ဆုံးဖောက်ခွင်းအလင်းဆောင်ပေးတာ မမပါ
မမ မရှိရင်အသက်ရှင်ဖို့  ဖြစ်နိုင်တော့မှာမဟုတ်သလို
မကို  လွမ်းလို့ ရေးဆက်လိုက်တဲ့  ရင်ထဲက ကဗျာတစ်ပုဒ်
ရင်တွေနာပြီ အန်ထွက်လာတဲ့  စကားလုံးတစ်ချို့ နဲ့ 
မျှော်လင့်ထားတဲ့  နေ့လေးတွေလည်း မြန်မြန်ရောက်ဖို့ ဆုတောင်းနေသူပါ
ကဗျာဆန်ဆန်လှတဲ့  မကို လေးလေးနက်နက်ချစ်မိသွားတာပါ
အခုလေ.....
                                                                  ဖိုးခွားလေး (ကော့မူးမြို့ )
အသဲမကွဲဖူးသေးရင် မချစ်တတ်သေးဘူး
ဘာသာပြန်ခက်နေတဲ့ 
ငါ့ရဲကာရံမဲ့ မျက်ရည်တွေ
အခန်းကျဉ်းလေးမှာတိတ်ဆိတ်ငြိမ်
သက်နေတယ်
ဂစ်တာတစ်လက်ကိုဆွဲ  အလွမ်းသီချင်းလေးတိုးတိုးငြီးလို့ 
အလွမ်သင့်နှလုံးသားတစ်စုံနေရာအနှံ လွှင့်ပြန်ကုန်တယ်........။
ငါ့ကိုနင်မေ့နေပေမယ့်
နင့်ဓါတ်ပုံကအရင်လို ပြုံးပြနေဆဲပါ
အေးစက်စက်နင့်ရဲ အပြုံးတစ်ချက် အောက်မှာ
ငါ့ရဲ့ ရင်ကိုအမုန်းမုန်တိုင်းတစ်ခုတိုက်ခက်ချိန်မှာ
ရင်ခွင်တစ်ခုလုံးဗလောင်ဆူသွားတယ်.................။
အားလုံးငြိမ်သက်သွား ချိန်မှာ
ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်
ကမ္ဘာပျက်သုဉ်းလို့   အရာအားလုံးစိတ်သုဉ်းသွားတယ်
ချစ်ဖူးရင်အသဲကွဲဖူးတယ် အသဲမကွဲဖူးသေးရင် မချစ်တတ်သေးပါဘူး.........။
ဟုတ်တယ်ကျနော် ချစ်ဖူးတယ်
ပြီးတော့ အသဲကွဲဖူးတယ်
တစ်ခါတစ်ခါ သတိနဲ့ အသိလွတ်သွားတယ်
မကြာမကြာသတိရတဲ့ အခါခါပဲ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်
အားလုံးရူးသွားပြီလို့  ဝိုင်းပြောနေကြနေတာလား
ဟုတ်တယ်ဒီကောင်မလေးအတွက်ပေါ့ ကျနော်ရူးနေပြီ
အရမ်းချစ်ဖူးခဲ့ ကောင်းမလေးတစ်ယောက်ကြောင့်ပေါ့ဗျာ ...........................။
ဖိုးခွားလေး(ကော့မူးမြို )
ရင်ခွင်မဲ့  အလွမ်း
သတိရခြင်းတွေ
ပိတ်လှောင်မရတဲ့ အခါ
 လွမ်းရတဲ့နေ့ တရက်ခြင်းကို
ဖြတ်ကျော်ရတာ အရမ်းကိုခက်ခဲ့နေတယ် ချစ်သူ........
ပင်ယံထက်က ပန်းပွင့်လေး နွမ်းသွားပေမယ့်
ကြွေကျစရာ လမ်းဟောင်းလေးတစ်ခုတော့ရှိတယ်
သစ်ရွတ်ခြောက်လေး လေလွှင့်နေပေမယ့်
နောက်ဆုံးခိုနာရာ မြေနီလမ်းလေး ရှိသေးတယ်...........
ငါ့နှလုံးသား အခါခါကြွေ
နွမ်းကြေနေပေမယ့်
ခဏတာလေး ခိုးနားစရာ
ရင်ခွင် တစ်စုံတစ်ရာ မရှိခဲ့ ဘူး...............
အနေဝေးတဲ့ ချစ်ခြင်းတွေ
အပြစ်ကင်းကင်းနဲ့  ချစ်ကြပါစေ
မဝေးတဲ့ ချစ်ခြင်းတွေနဲ့ လည်း
ခိုနားရာ ရင်ခွင်တစ်စုံတစ်ရာ ရှိကြပါစေ........
ငါ့အတွက်တော့.......
အဖော်မဲ့ အလွမ်းနဲ့ 
ခိုနားရာ မရှိတဲ့ ရင်ခွင်က
အရမ်းပဲ အထီးကျန်လွန်းတယ်
မြင်လှည့်ပါ အဝေးရောက်ချစ်သူရယ်................။
                 ဖိုးခွားလေး (ကော့မှူးမြို့ )
Tuesday, 12 February 2013
မြင်နိုင်မလား.......ချစ်သူ
စောစီးစွာကြွေရှာတဲ့ စပယ်ပန်းမှ
သနားကောင်းတာမဟုတ်ပါဘူး
တကောင်တည်း အဖော်ကွဲလို့ ဥသြငှက်မှ
 လွမ်းမောဖွယ်မှကောင်းတာမဟုတ်ဘူး
အဖတ်သက်အဖြစ်နဲ့ မိန်းကလေး အချစ်မှ
မျှော်လင့်ရင်မော ကြေကွဲစရာကောင်းတာမပါဟုတ်ဘူး
ဖွင့်ဟပြောချင်ပေမဲ့  ရင်နစ်အောင် တိတ်ဆိတ်ငြိမ်သက်
ပြောခွင့်မရှိတဲ့  ယောင်္ကျားတယောက်ရဲ့   အချစ်ကလည်း
အရမ်းကိုနာကျင်ခံစား  သူမသိအောင် တိတ်ဆိတ်ကြေကွဲနေရတယ်
အသဲမမာတဲ့  ယောင်္ကျားထဲ ငါအပါဝင်ပေါ့ ချစ်သူရယ်
ရေတတ်ဦး ငါးဇင်ရိုင်းလို  ခဏလေးတွေ့ ပြိး ခဏလေးမချစ်ချင်ဘူး
ချစ်သူပါစေလေ ချစ်သူရဲ့  ကမ္ဘာတဖက်မှာ ကြယ်လေးတွေကြွေနေတယ်
ချစ်သူ ကြည့်ဖြစ်မှာ မဟုတ်ပါဘူး
မနက်ခင်းကို မျက်နှာမူ စောင့်နေတဲ့ 
နေကြာပန်းလေးကို နေမင်းကြီး ဂရုစိုက်မိမှာမဟုတ်ဘူး
လရောင်ရဲ့ အလင်းရမှ ပွင့်ရှာတဲ့  ပဒုမ္မာပန်းရဲ့အဖြစ်ကို
လမင်းကြီး သိမှာ မဟုတ်ပါဘူး
ချစ်သူရဲ့  နောက်ကျောမှာ ကြိတ်ကာ ငိုနေတဲ့  ငါ့ရဲ့  အဖြစ်ကိုလည်း
မသိနိုင်တော့ဘူးလား ချစ်သူရယ်.... မသိနိုင်တော့ဘူးလား
            ဖိုးခွားလေး(ကော့မှူးမြို့ )
လမင်းအကြောင်းစဉ်းစားတယ်
မနက်ခင်းနေမင်းထွက်လာတယ်
လမင်းအကြောင်းစဉ်းစားနေမိတယ်
ညနေဝင်သွားတဲ့ နေမင်းကိုကြည့်တယ်
ထွက်လာမဲ့  လမင်းအကြောင်း စဉ်းစားတယ်
ကောင်းကင်ကိုမော့ကြည့်မိတယ်
အမှောင်ထဲ ပျောက်ကွယ်နေတဲ့ 
လမင်းအကြောင်း တွေးမိပြန်တယ်
သန်းခေါင်းယံ ညတွေကလည်း အထီးကျန်တယ်
လမင်းအကြောင်းကို စဉ်းစားနေကြပြန်တယ်
ငါလည်းတိတ်တဆိတ် ငါ့ရင်ထဲပြန်ကြည့်လိုက်တယ်
နင့်အကြောင်းတွေပဲ စဉ်းစားနေမိတယ် ချစ်သူရယ်
                               ဖိုးခွားလေး(ကော့မှူးမြို့ )
Thursday, 7 February 2013
အချစ်ဆိုတာ
အချစ်ဆိုတာ ...
စပါးကြီးမွေနဲ့ တူတယ်
ညို့ အားပြင်းရင် ရှောင်တိမ်းရအရမ်းခက်တယ်
အချစ်ဆိုတာ
ကော်ဖီခါးခါးနဲ့ တူတယ်
သူ့ ကြောင့် ကိုယ်ဘဝ့ခါးသက်ပေမယ့်
သူ့ ကိုပဲ စွဲလန်းနေတတ်တယ်
အချစ်ဆိုတာ
ဝိုင်တခွက်နဲ့ တူနေပြန်တယ်
အနံ့ မွေးသော်လည်း သောက်ရင်မူးတာပဲ
အချစ်ဆိုတာလည်း ချစ်ရတာလွယ်ပေမယ့်
မချစ်တတ်တော့ ရူးတာပဲ
အချစ်ဆိုတာ
ကလေးတယောက်နဲ့ တူတယ်
လိုချင်တာမရတဲ့ အခါ ငိုယိုပြီးတောင်းတတ်တယ်
အချစ်ဆိုတာ
ပင်လယ်ကြီးနဲ့ လည်းတူနေတယ်
တခါတလေရေပြင်ပြာပြာနဲ့ 
လိုင်းကြက်ခွပ်လေးတွေနဲ့ အရမ်းလှပနေပြီး
တခါတခါကျတော့လည်း မုန်တိုင်းထန်ပြီးရေပြင်လှိုင်းထသေးတယ်
အချစ်ဆိုတာ
စကားမပြောတတ်တဲ့  လူအနဲ့ တူတယ်
ရင်ထဲအချစ်တွေကို ဖွင့်ဟပြောချင်ပေမယ့်
သူနားလည်အောင် ပြောဖို့ ခက်နေတတ်တယ်
အချစ်ဆိုတာ
တိမိတိုက်တွေနဲ့ လည်းတူနေပြန်တယ်
လေနင်ရာလွှင့်မျောနေတတ်သလို
အချစ်ရဲ့ စေညွှန်ရာကို လိုက်လုပ်နေတတ်တယ်
အချစ်ဆိုတာ
ကဗျာဆရာတယာက်နဲ့ တူတယ်
တခါတလေအရမ်းနုညံသိမ်မွေပြီး
တခါတခါကျတော့ အရမ်းပေါက်ကွဲတတ်တယ်
အချစ်ဆိုတာ
နှင်းဆီပန်းပွင့်နဲ့ လည်းတူတယ်
အပေါ်ယံ လှပသလောက်
ရင်ထဲက ဆူးခက်တွေနဲ့ ပြည့်နှက်နေတတ်တယ်
အချစ်ဆိုတာ.................
အချစ်ဆိုတာ......................
အချစ်ဆိုတာ.............................
ဖိုးခွားလေး (ကော့မှူးမြို့ )
Thursday, 24 January 2013
လွမ်းတယ်...မေမေ
အလွမ်းတွေက
ပန်းကြွေကျလို
နွမ်းလျှနေလည်း
လွမ်းရပါတယ်..မေမေ
မနက်လည်းလွမ်း
ညဆိုလည်းလွမ်း
အမေများနေ့ ကိုလွမ်း
အမေများနေ့ မဟုတ်လည်း လွမ်း
သီးတင်းကျွတ်တော့မယ် ဆိုလည်း လွမ်း
ခလုပ်ထိမှ အမိတဆိုသလို ဒုက္ခတွေရောက်တိုင်း လွမ်း
အလွမ်းတွေကြမ်းပေမယ့်
စမ်းရေလေးတွေနဲ့ အတူ မေမေ ရင်ခွင့်လောက်
ဘယ်အရာမှ မအေးချမ်းဘူး မေမေရယ်
မွေးရပ်မြေကို သားအပြန်
အလွမ်းတွေကို အတိုးချ
မေမေ့ ကိုတလှည့် ပြုစုရင်း
အရင်ကထက် ပိုချစ်တော့မယ်
ဟိုး............ဝေးရပ်မြေက လွမ်းမေမေရယ်
လှောင် ပြုံးပြုံးတဲ့ ဒီဇင်ဘာ
မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ 
မျက်ဝန်းအိမ်မှာ အလွမ်းငွေ့ တွေဖုံးလို့ 
လောကကြီး ခဏရပ်တန့် သွားသလို
ရင်ခုန်ခြင်းတွေ စိတ်သုဉ်းပျောက်ကွယ်သွားတယ်....
...။
အေးစက်စက်အပြုံးတစ်ချက်အောက်
သွေးပျက်မတက် ရူးခဲ ရတဲ့ကောင်လေးတယောက်
အနမ်းတွေလည်း မရှိခဲ့ ဘူးပန်းတွေလည်းမပေးခဲ့ ဘူး
အလွမ်းတွေကတော့ နေရာအနှံ ပေါ့လေ
အရိုးသားဆုံး ချစ်တဲ့ သူက အရူးရဆုံးဖြစ်နေတာလား..............။
ငါ့အရှေ့ က တရေးရေးပျောက်ကွယ်နေတဲ့ နင့်ခြေရာ
ရင်ခွင်မှာ ရေပြင်လှိုင်းထလို အသဲနံရံတွေကိုပုတ်ခတ်စုတ်ပြတ်ကုန်တယ်
နင့်သာလျှင်ငါ့အတွက် အမြင်ချင်ဆုံးအရာ
ငါ့အမြင်တွေ မျက်ရည်တွေ နှင်းရည်တွေနဲ့  ဝေဝါးကုန်တယ်
မြင်ခွင့်မရှိတော့တဲ့  နင့်ပုံရိပ်တွေအတွက် ငါ့မျက်လုံးတွေကိုလေ
ထွက်သွားတဲ့ နင့်ပုံရိပ်ကို သော့ပိတ်လို့ 
ထာဝရမှိတ်ထားလိုက်ချင်တယ်..................။
အေးစက်လွန်းတဲ့  ဒီဇင်ဘာဇာတ်လမ်းက
တပိုင်းတစ နိုင်းမရတဲ့  ဝေဒနာတွေနဲ့ အတူ
အလွမ်းရက်ရှည်အောင် တခန်းရက် သွားခဲ့ တာ
အချစ်ဆိုတာ ဒါပဲလားလို့  အေးစက်စက် ဒီဇင်ဘာကို
လှမ်းကာမေးလိုက်တယ် မေးခွန်းတွေသာ
လောကတခုလုံးပဲ့တင်ရိုက်ခက်သွားတယ်  အေးစက်လွန်းတဲ့ 
ဒီဇင်ဘာကြီးကလေ ပူလောင်နေတဲ့  ငါ့ရင်ခွင်ကိုကြည့်ပြီး
လှောင်ပြုံးလေး ပြုံးပြသွားတယ်....................။
ဖိုးခွားလေး ( ကော့မှုးမြို့ )
Saturday, 12 January 2013
မျက်ရည်ကျတယ် ဆိုတာ
စတွေ့ တုန်းကပေါ့
အပြုံးလှလှလေးနဲ့ မိတ်ဆက်
ငါ့နှလုံးသားကို ဆေးရောင်လှလှခြယ်
အရောင်မိန်တော့မှ အခုတော့လေ
အမုန်းတံဆိတ်ခပ် နှိပ်လို့ 
သေရာပါအမှတ်အသားအဖြစ် နင်ပေးခဲ့ သေးတယ်
ရင်ခွင်တစ်ခုလုံး အမုန်းcolour လွမ်းလို့ 
အက်ဆစ်နဲ့ အပက်ခံရသလို
ရဲရဲတောက်နီမြန်းကုန်တယ်................။
နင် အသည်းခွဲတာ မဟုတ်ဘူး
ငါကအသည်း ကွဲလွယ်တာလား
နင်လိုချင်တာမဟုတ်ဘူး ငါကိုကပေးချင်တာ
နင်ခေါ်ထားတာမဟုတ်ပါဘူး
ငါကိုက နင့်အနားက မခွဲနိုင်တာ
ငယ်ငယ်ကပေါ့ ဆရာမရိုက်ခဲ့ တဲ့  အချက် ၁၀၀
ရင်မခုန်ခဲ့ သလို့  ဝမ်းနည်းစိတ်လေးကိုမ ဖြစ်ခဲ့ ဘူး
အခုဘာမဟုတ်တဲ့  နင့်ရဲ့လမ်းခွဲစကားတစ်ခွန်းလေးကြောင့်
ကြိုးစားပြုံးထားပေမယ့် ထိန်းမရအောင်ကျတဲ့ မျက်ရည်
ငါကိုယ်တိုင် မယုံအောင်အောင် အံသြမိတယ်....................။
သြော်.......
မျက်ရည်ကျတယ်ဆိုတာကလည်း
အသားနာတာထက် အသည်း နာမှကျတတ်တာကိုး
ငါမသင်ပဲတတ်လိုက်ပါတယ် ကောင်မလေးရေ
အသားနာအောင်ပဲ လုပ်လိုက်ပါ
အသည်းနာအောင် မလုပ်ပါနဲ့  
မျက်ရည်ကျလွန်းလို့ ပါ...................................။
ဖိုးခွားလေး(ကော့မှူးမြို့ ) 
အဆိပ်သင့် နှလုံးသား
မရေရာတဲ့  မနက်ဖြန်ကိုစောင့်မျှော်ရင်း
မျှော်လင့်ချက်တွေ  ဝေဝါးကုန်တယ်
မပြည့်နိုင်တဲ့ ဆုကိုပဲ ဘုရားမှာ
အကြိမ်ကြိမ်တောင်းနေမိတယ်
ချစ်သူနဲ့  အမြန်ဆုံးဆုံဆည်းရပါလို့ ၏ ဆိုတာကိုပေါ့
ပုံသေသတ်မှတ်လို့  မရတဲ့ အချစ်ကို
တထစ်ချယုံကြည်ရင်း ရင်ဘက်ကြီနဲ့  ချစ်ခဲ့ မိတယ်
အယုံလွယ်သူပဲ ပြောမလား
ပုံပြင်ကြိုက်သူပဲ ပြောမလား
မမြင်ရပဲ ရင်နဲ့ ရင်းပြီး ချစ်မိလိုက်တယ်
မင်းရင်ခွင်မှာ  အချစ်ဆူးစူးလို့  ငိုနေရသလား
ငါ့ရင်ခွင်မှာ မင်းစိုက်ခဲ့ တဲ့  ချစ်အဆိပ်ပင်
အကိုင်းအခတ်လက်တွေ ဝေဆာ အသဲနံရံတွေ လိုက်စားလို့ 
သွေးရည်ကျဲကျဲ ရင်ထဲမှာ စီးကျနေရင်း
ငါ့နှလုံးသား အဆိပ်သင့်ခဲ့ တာနင်မြင်နိုင်မလား ချစ်သူ
မငိုခဲ့ ပါဘူး နင်စိတ်မကောင်းမှာ ဆိုးလို့ 
လမ်းခွဲစကား တစ်လုံး ကြားမိလိုက်တိုင်း
ငါ့ရင်ထဲကမ္ဘပျက်သလို  ဆို့ နှစ်ကြေကွဲ ရင်ကွဲမတတ်ပေါ့
မကြားချင်တယ်တဲ့ ဒီစကားနားထဲချော်ရည် လောင်းသလို
အချစ်စိတ်တွေ ပေါက်ကွဲ  နောက်ဆက်တွဲဖြစ်ရက်တိုင်းက
မမြင်ရတဲ့  အချစ်ကို ငါဘယ်တော့မှ မချစ်မိအောင်ကြိုစားပါတော့မယ့်
ဟိုး..........တနယ်တကျေးက မမြင်ရတဲ့  ချစ်သူရယ်
Popular Posts