Tuesday, 12 February 2013
တံတိုင်း
အချစ်ဦး လို့သိရချိန်ဝယ်...
အရမ်းပျော်ရွင်မိတယ်..
နင့်ကိုသိပ်ချစ်မိလို့လေ..
အချစ်ကိုစတင်တွေ့ရှိချိန်မှာ...
အချစ်ဦးဆိုတဲ့ နင်နဲ့တွေ့ဆုံခဲ့ရခြင်းဟာ..
ငါ့အတွက်ဆုလဒ်တစ်ခုပေါ့...
ထာဝရ အချစ်ဆုံး....အချစ်ဦး...
ငါတို့ရဲ့ တွေ့ဆုံခြင်းဟာ...
ချောမွေ့ခြင်းကင်းမဲ့တယ်နော်..
နင့်ရဲ့ညိုညင်မှု့အားလုံးကို..
ငါ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ခဲ့တယ်..
နင့်ကိုအရမ်းချစ်လို့နော်....
ဝေးကွာမှု့ခဏလေးမှ မရှိစေချင်ဘူး...
တစ်စက္ကန့်လေးမှ မမေ့ချင်ဘူး..
မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီး...
ငါတိုးတိုးလေး အကြီမ်ကြီမ်ဆုတောင်းနေမိတယ်....
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ....
နင့်မျက်နှာလေးကို ကြည့်ပြီး....
ငါ နင့်ကိုအရမ်းချစ်တယ်လို့ ..
ပြောခွင့်ရချင်တယ်....
ဒါပေမဲ့...
ဘယ်သောအခါမှ....
ပြောခွင့်...ဆုံစည်းနိုင်ခွင့် ရှိမှာမဟုတ်ဘူး....
နင်နဲ့....ငါ့ကို...
တံတိုင်းကြီးနဲ့ ခြားထားတယ်...
ဘ၀ရဲ့ သင်ခန်းစာ...မေ့ထားလို့မရတဲ့အရာတွေ...
နင့်ရဲ့ဘ၀ထဲကို ငါမလာနိင်ဘူး..
ငါ့ဘ၀ထဲကိုလဲ မခေါ်ရက်ဘူး....
ကျေကွဲစွာနဲ့......ရင်ထဲမှာ...
ထာဝရ သိမ်းထားတော့မယ်....
နင် ဟာ ငါ့ရဲ့ အချစ်ဦး ဆိုတာ....
တွေ့ဆုံခြင်းနဲ့ ဝေးကွာခြင်းဟာ...
ငါ့အတွက် တစ်ထပ်ထဲပါပဲ...
ဘယ်အရာတွေကို အပြစ်တင်ရမှာလဲ...
ကံကြမ္မာလား....
အရင်ဘ၀ကဆုတောင်းတွေလား....
ဆုံစည်းခွင့် မရှိပေမဲ့....
အမှတ်ရခွင့် နှုတ်ဆက်ခွင့်..ရှိပါတယ်လေ...
ပျော်ရွင်ဖွယ် ဘ၀များ ပိုင်ဆိုင်နိုင်ပါစေ....အချစ်ဦး...
တေးတေး 8.1.2013
Subscribe to:
Post Comments (Atom)
Popular Posts
-
Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Numb...
-
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု...
-
သူကတော့ အသုံးပြုသူတို့ကို မျက်စိမှားပြီးဝင်ရောက်လာအောင် Computer Dasktop ပေါ်မှာ Gtalk အစစ်ပုံစံမျိုးနဲ့ တင်ထားတက်ပါတယ်။အဲ့လို Fake Gtalk...
-
ကွန်ပျူ တာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လု ပ်တဲ့အချိန်ကို ကြာစေတယ်လိ...
-
အပေါ်မှာ ပြထားတဲ့ အတိုင်းလေးပါပဲ မျှားလေးတွေကိုကြည့်ပြီးတော့ လုပ်လိုက်တော့နော် အောက်ဆုံးက အကွက် ၃ ကွက်ထဲမှာတော့ အပေ...
-
Website က Video တွေကို download ဆွဲပေးမယ့် app ဖြစ်ပါတယ်။ ဒါလေးကို ကျွန်တော် ရှာနေတာ အတော်ကြာပါပြီ။ video downloader တော်တော်များများက...
-
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို ကျေးဇူးတင်တယ်... မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ... ညခင်းသာတဲ့ လတစ်စင်းကို ကျေးဇူးတင်တယ်... အလင်ြး...
-
ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . . ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိခ...
-
ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင် ငါ့ နှလုံးသားကို ပြန်ကြည့်မှ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး..........


No comments:
Post a Comment