အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...

Thursday 24 January 2013

သံယောဇဉ်


ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................။

ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................။

သြော်.....
အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား
နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................။

ညီညီ(မြန်အောင်)

No comments:

Post a Comment

Popular Posts