Wednesday, 13 February 2013
မိခင်
အမြဲတမ်း သတိရနေခြင်းတွေကို
"အလွမ်း" လို့ ခေါ်ဆိုကြရင်
စက္ကန့်နဲ့ အမျှ လွမ်းနေပါတယ်လေ
ငါတို့ ဇာတိ မြန်မာပြည်.........။
အမိတကွဲ အဖတကွဲ
မျက်နှာငယ် တစ်ယောက်ထဲနဲ့
နေရဲအောင်လည်း နေရတယ်အမေ.........။
မနာလို ဝန်တိုမှုတွေနဲ့
ငြူစူတဲ့ မျက်စောင်းတွေကြားက
ကျေနပ်အောင်လည်း နေပေးရတယ် အမေ.......။
ဒီလိုနဲ့
ဥသြငယ် တွန်ကြူး
ပိတောက်တွေလည်း အခါခါဖူးခဲ့ပြီ...........။
အမေရယ်.....
ဧပရယ်ရဲ့ နှစ်ကူးမှာ
လွတ်လပ်စွာ ပျော်မြူး ချင်ပေမယ့်
ဆင်းရဲတွင်းထဲက ဘဝ
အချိန်တွေကို ရောင်းစားနေရတယ်............။
ဆုတောင်းပါတယ် အမေ
မြန်မာဆိုတဲ့ မျိုးဆက်ပန်း
ကမ္ဘာပေါ်မှာ မနွမ်းဖို့
ဒီ နှစ်ထောင် နဲ့ ဆယ့်နှစ်က
ဘဝရဲ့ အစပဲ ဖြစ်ပါစေ
ခွန်အားသစ်တို့ ပေးလှည့်ပါ အမေ.............။
ညီညီ(မြန်အောင်)
Labels:
ကဗျာများ,
ညီညီ(မြန်အောင်)
Subscribe to:
Post Comments (Atom)
Popular Posts
-
Windows 8 ဆိုတာဘာလဲ ကျနော့်ကို FB မှ ညီအကိုတစ်ယောက် မေးလာတာလေးပါ သိရင်နည်းနည်းပြောပြပေးပါဆိုလို့ ဒီပိုစ့်လေးကို ကျနော်သိသလောက ပြန်လ...
-
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု...
-
ချစ်သူ... ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်... ခုတော့.. တဖြည်းဖြည်းနဲ့ ထူထဲလာပြီး... နာကျင်နေရမဲ့အစား... နင့်ကို ပိုလွမ်းနေမိတယ်... မေ့ပစ်ဖို့...
-
လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား....
-
ယောင်္ကျားတွေရဲ့ အချိန်အလိုက်ပြောင်းလဲတတ်ပုံလေး (၆ပတ် ၆လ ၆ နှစ်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ *ချစ်စကားပြော ချိန် ၆ ပတ...
-
အနှိုင်းမဲ့ မေတ္တာနဲ့ အရာရာကို စွန့်လွတ်ပြီး ... ကျမကိုရွေးချယ်ခဲ့သူ.. အနစ်နာခံသူ ပေးဆပ်သူ.. ဒေါသမရှိဘူး... အမြဲတမ်းအေးချမ်းစွာနေတတ်သ...
-
ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . . ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိခ...
-
ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင် ငါ့ နှလုံးသားကို ပြန်ကြည့်မှ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး..........
-
သူငယ်ချင်းအချစ် မြင်နေခွင့်လေး သူငယ်ချင်းအတွက် နှစ်ယောက်တစ်အိပ်မက် ကျေနပ်တယ် အရင်လိုချစ်တုန်းပဲ မဆိုင်တော့ဘူး ထားရစ်ခ...
-
တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ ငါ့ အသည်းတွေ ကြွေကြပါစေ ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။ ငါတို့က ဘဝကို ပန်းခ...


No comments:
Post a Comment