Friday, 29 March 2013
မိမိ၏ကွန်ပျူတာကနေပြီး လိုချင်တာသိချင်တာများကို အလွယ်တကူလေ့လာကြမယ်
မိမိ ကွန်ပျူတာကနေ လိုချင်တာ သိချင်တာများကို အလွယ်တကူ လေ့လာကြမယ် (23.12.12-New Update) နေ့စဉ် ကွန်ပျူတာ အသုံးပြုနေသော မိတ်ဆွေများအတွက် အင်တာနက် အသုံးပြုတဲ့အခါ အလွယ်တကူ အသုံးပြုနိုင်စေရန် တူးဘားလေးတစ်ခု ဆောင်ထားသင့်ပါတယ်။ ဒီတူးဘားလေးကို အခြေခံ ပညာသင် အဆင့်ကနေ ပညာရှင် အဆင့်အထိ အသုံးပြုနိုင်ပြီး မိမိသိလိုသော အချက်အလက်များကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ အသုံးပြုနေတဲ့ Browser မှတဆင့် မိမိလိုအပ်သော အရာများအားလုံးကို အင်တာနက်ပေါ် တင်ထားသမျှ မြန်မာ့အရေး ကမ္ဘာ့အရေး စီးပွားရေး ပညာရေး ကျန်းမာရေးနှင့် ဗဟုသုတ အရာတွေကို အချိန်မကုန်စေဘဲ အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
နည်းပညာ လေ့လာနေသော လူငယ်များအတွက် အခြေခံ နည်းပညာများ ဆော့ဝဲလ်များ စာပေမြတ်နိုးသူများအတွက် ဗဟုသုတ စာပေများ နိုင်ငံတကာ အရေးများကို စိတ်ဝင်စားသူများအတွက် သတင်းများ ဖျော်ဖြေရေးများကို ကြည့်ရှုလိုသော သူများအတွက် ရုပ်ရှင်ဇတ်ကားများ အွန်လိုင်း ကနေမြန်မာ ရေဒီယို အစီအစဉ်များ (အင်္ဂလိပ်) ရေဒီယို အစီအစဉ်များ မိမိလိုချင်တာ သိချင်တာများကို မိမိကွန်ပျူတာ ကနေ အလွယ်တကူ ရှာဖွေမယ် ဆိုရင် အလွယ်ကူဆုံး ဒီတူးဘား လေးကိုယူထားလိုက်ပါ။
၂၃.၁၂.၁၂ ရက်နေ့မှ စတင်၍ ယခင်နှင့်မတူပဲ နေ့စဉ် Browser အတွင်း နည်းပညာ အသစ်များကို ထည့်သွင်းပေးပါသည်။ Browser တစ်ခုဖွင့်ပြီး အွန်လိုင်းရေဒီယို နားထောင်နိုင်ပါသည်။ Buddha FM ရေဒီယို ၊ MTS Radio ၊ MYMC Radio ၊ MUMC Radio ၊ Just Music Radio ၊ A Phyu Yaung Than Zin ၊ Online Radio Media (Malaysia) စတဲ့ မြန်မာအွန်လိုင်း ရေဒီယို အစီအစဉ်များကို မိမိ၏ Browser မှ အလွယ်တကူ နားဆင်နိုင်ပါသည်။
ဖွေ့ဘုတ် ၊ အီးမေး အကောင့်များကို အလွယ်တကူ ဝင်ရောက်နိုင်ပါသည်။ အင်တာနက်မှ နာမည်ကြီး GOOGLE ၊ YAHOO ၊ YouTube ၊ Facebook ၊ Twitter စသည့် ဝဘ်ဆိုဒ်များကို ဒီတူးဘားအတွင်း ထည့်သွင်းပေးထား သောကြောင့် မိမိတို့ ရှာဖွေသမျှ ၊ သတင်း ၊ ဓာတ်ပုံ ၊ ဆော့ဝဲလ် ၊ ဂိမ်း ၊ နည်းပညာများ ၊ လမ်းညွန်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
မိမိ၏ Browser မှ Calendar ၊ ဖွေ့ဘုတ်မှာ တင်ထားသမျှ သူငယ်ချင်း ဓာတ်ပုံများကို ကြည့်နိုင်သည်။ မွေးနေ့လက်ဆောင်များ ပေးပို့နိုင်သည်။ အွန်လိုင်း ၃ နေရာ တင်ပေးထားပြီး မိမိ နှစ်သက်ရာ ဂိမ်းဆော့နိုင်သည်။ နိုင်ငံတကာ စံတော်ချိန်များကို ကြည့်နိုင်သည်။ နောက်ဆုံးရ အားကစားသတင်းများကို သိရှိနိုင်မည်။ အော်ကင် တီးခတ်နိုင်မည်။ HELL TV မှ ဇတ်ကားကောင်းများကို ရုပ်ကြည်လင်စွာ ကြည့်ရှုနိုင်သလို အဆိုတော် လေဒီဂါဂါ သီချင်းများကိုလည်း ရုပ်သံဖြင့် ကြည့်ရှုနိုင်မည်။
အင်္ဂလိပ်လိုင်း အွန်လိုင်း ရေဒီယိုများ ကိုလည်း မိမိနှစ်သက်ရာ နားဆင်နိုင်မည်။ YouTube သီချင်းများကိုလည်း ဝဘ်ဆိုက်သို့ သွားရောက်စရာမလိုပဲ မိမိ၏ Browser မှကြည့်ရှုနိုင်မည်။ ဆက်လက်၍ မြန်မာ မီဒီယာ ဝဘ်ဆိုက်များကိုလည်း များမကြာမှီ Browser အတွင်းမှာ ထည့်သွင်းရန် အစီအစဉ်ရှိပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
အခမဲ့ ဖရီး လုပ်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ... အခုလို အားလုံးအတွက် အဆင်စေမဲ့ ဒီတူးဘားကို လူတိုင်း ဆောင်ထားသင့်ပါကြောင်း ပြောကြားလိုက်ပါတယ်။
Internet Explorer,Google Chrome,Mozilla Firefox,Browser များတွင် ထည့်သွင်း အသုံးပြုနိုင် ပါသည်။ http://OnlineRadioMedia.OurToolbar.com/ ကိုဝင်ရောက်၍ အသေးစိပ်ပြ ထားသည့် အတိုင်း စာဖတ်ပြီး အလွယ်အကူ လုပ်ဆောင်နိုင်ပါသည်။
နေဇော်လင်း
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Labels:
Browser ဆိုင်ရာ,
နည်းပညာ
Subscribe to:
Post Comments (Atom)
Popular Posts
-
Windows 8 ဆိုတာဘာလဲ ကျနော့်ကို FB မှ ညီအကိုတစ်ယောက် မေးလာတာလေးပါ သိရင်နည်းနည်းပြောပြပေးပါဆိုလို့ ဒီပိုစ့်လေးကို ကျနော်သိသလောက ပြန်လ...
-
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု...
-
ချစ်သူ... ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်... ခုတော့.. တဖြည်းဖြည်းနဲ့ ထူထဲလာပြီး... နာကျင်နေရမဲ့အစား... နင့်ကို ပိုလွမ်းနေမိတယ်... မေ့ပစ်ဖို့...
-
လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား....
-
ယောင်္ကျားတွေရဲ့ အချိန်အလိုက်ပြောင်းလဲတတ်ပုံလေး (၆ပတ် ၆လ ၆ နှစ်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ *ချစ်စကားပြော ချိန် ၆ ပတ...
-
အနှိုင်းမဲ့ မေတ္တာနဲ့ အရာရာကို စွန့်လွတ်ပြီး ... ကျမကိုရွေးချယ်ခဲ့သူ.. အနစ်နာခံသူ ပေးဆပ်သူ.. ဒေါသမရှိဘူး... အမြဲတမ်းအေးချမ်းစွာနေတတ်သ...
-
ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . . ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိခ...
-
ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင် ငါ့ နှလုံးသားကို ပြန်ကြည့်မှ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး..........
-
သူငယ်ချင်းအချစ် မြင်နေခွင့်လေး သူငယ်ချင်းအတွက် နှစ်ယောက်တစ်အိပ်မက် ကျေနပ်တယ် အရင်လိုချစ်တုန်းပဲ မဆိုင်တော့ဘူး ထားရစ်ခ...
-
တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ ငါ့ အသည်းတွေ ကြွေကြပါစေ ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။ ငါတို့က ဘဝကို ပန်းခ...

No comments:
Post a Comment